နေပြည်တော်
မတ်-၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး
H.E.Mr. Murat Yavuz Ates အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်
ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု
ကိစ္စရပ်များ၊ စစ်ဘက် ဆက်ဆံရေး ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ တက်ရောက်ကြကြောင်း
သတင်း ရရှိသည်။
(မြ၀တီ)

No comments:
Post a Comment