နေပြည်တော် မတ် ၈
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး
၁၅ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ
ကော်မတီအစည်းအဝေး တက်ရောက်ခဲ့မှုအား အစီရင်ခံတင်ပြခြင်း၊ လွှတ်တော်တွင် တင်သွင်းခဲ့သော
အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော် အောင်လွင်၏ ဆွေးနွေးချက်အား
ကန့်ကွက်စာတင်ပြလာမှုအပေါ် ဆောင်ရွက်ထားမှု အခြေအနေ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပဉ္စမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ
ကော်မတီ(UPDJC) အစည်း အဝေးသို့ တက်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနှင့်
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက လွှတ်တော်သို့
အစီရင်ခံတင်ပြရာတွင် ဒို့တာဝန်အရေး သုံးပါးကို အစဉ်အမြဲလက်ကိုင်ပြုပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်
လွှတ်တော်အခန်း ကဏ္ဍမှ တာဝန် ကျေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပင်လုံစာချုပ်နှင့်
ဆက်နွှယ်သည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး ယခု အချိန်တွင် တိုင်းရင်းသားတိုင်း လက်မလွှတ်သင့်သော
အခြေအနေ၊ အချိန်အခါကောင်းများဖြစ်၍ ထိုအခွင့် အရေး ကောင်းများကို လက်မလွှတ်သင့်ကြောင်း၊
အားလုံးပါဝင်နိုင်ရေးအတွက် ကျရာအခန်း ကဏ္ဍမှ ပါဝင်၍ကြိုးစားသွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီဖွဲ့စည်းမှုတွင် အစိုးရ၊ လွှတ် တော်၊ တပ်မတော်တို့မှ ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ
၁၆ ဦး၊ နိုင်ငံရေးပါတီများမှ ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊
ယင်းအဖွဲ့တွင် လွှတ်တော်မှ ၂ ဦးသာ ပါဝင်သောကြောင့် ပိုမိုအားကောင်းသော လုပ်အားများ ရရှိစေရန် နောက်ပေါ်ပေါက်လာမည့် အစိုးရလက်ထက်တွင်
ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၃ ဦးနှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၂ ဦးကို
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီတွင် ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း
ထည့်သွင်း တင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးဝင်းမြင့်က
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပုလဲမဲ ဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တင်သွင်းသော
အရေးကြီး အဆိုကို စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်အပေါ် ကန့်ကွက်
စာတင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးပြောကြားရာတွင် ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တင်သွင်းခဲ့သည့်
“နိုင်ငံတော်အစိုးရက ရွေးကောက် ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊
နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အလျင်စလိုငှားရမ်းရောင်းချလွှဲပြောင်းမှု၊
ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်း များကို နေရာတကျ မစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊
ကျူးကျော်များကို အဓမ္မ ဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ၊
သဘောတူ ညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု
စသည် တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း
တည့်မတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”
အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်များမှ
လက်ပံတောင်း တောင် ကြေးနီစီမံကိန်း၊ ကပစ ၂၀ ၏ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက် အလက်များအား
ကန့်ကွက်ပါကြောင်းနှင့် ပြည်သူ့ လွှတ်တော် မှတ်တမ်းများမှ ပယ်ဖျက် ပေးနိုင်ပါရန် တင်ပြလာပါကြောင်း။
၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ
၁၅၈ ၊ နည်းဥပဒေခွဲ (ဂ)၌ “အဆိုတစ်ရပ်ကို ဆွေးနွေးရာတွင်
ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုနှင့်သာ အတိအကျ သက်ဆိုင်စေရမည်”
ဟူသော စည်းကမ်းချက်နှင့် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ ဆွေးနွေးချက် သည်
ကိုက်ညီမှု မရှိသည့်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တင်ပြလာသည့် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း၊ ကပစ ၂၀ ၏ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက်အလက်များအား ပြည်သူ့လွှတ်တော်မှတ်တမ်းမှ
ထုတ်နုတ်ပယ်ဖျက်ရန် ရုံးအဖွဲ့အား ညွှန်ကြားပြီးဖြစ်ပါ ကြောင်း ပြောကြားသည်။

No comments:
Post a Comment