Tuesday, March 8, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံဒေ၀ူးအပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဂင်ယောင်းဆန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ







နေပြည်တော် မတ် ၈ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတနိုင်ငံ ဒေ၀ူးအပြည်ပြည် ဆိုင်ရာကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဂင်ယောင်းဆန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 


တွေ့ဆုံစဉ် ဟိုတယ်လုပ်ငန်း၊ စွမ်းအင်၊ သတ္တု၊ သံမဏိလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံလုပ်ကိုင်ဆောင်ရွက်နေမှုများ၊ အဆင့်မြင့်ဆန်စက်များ တည်ဆောက်ရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment