Tuesday, March 8, 2016

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သံအမတ်ကြီးများအား လက်ခံ တွေ့ဆုံ


နေပြည်တော် မတ် ၈
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး H.E.Mr. Murat Yavuz Ates အား မွန်းလွဲ (၁) နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H. E. Mr.K.W.N.D Karanaratne အား မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊  မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H. E. Mr. Olivier RICHARD အား မွန်းလွဲ ၃ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 

No comments:

Post a Comment