နေပြည်တော်၊
မတ် ၇
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး
(၁၄) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့
လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့လာသည့် သဝဏ်လွှာများကို
မှတ်တမ်း တင်ခြင်း၊ ကော်မတီအမည် ပြင်ဆင်ခြင်း၊ ကော်မတီအဖွဲ့ဝင်များ ပြင်ဆင် ဖွဲ့စည်းခြင်း၊
ကော်မရှင်တစ်ခု ရုပ်သိမ်းခြင်း၊ ကော်မတီများ ဖွဲ့စည်းရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို
ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ဂျပန်နိုင်ငံအောက်လွှတ်တော်
ဥက္ကဋ္ဌ၊ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဆလိုဗက်သမ္မတနိုင်ငံ
အမျိုးသားကောင်စီ ဥက္ကဋ္ဌ၊ ပြင် သစ်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် ပိုလန်သမ္မတနိုင်ငံ
အောက် လွှတ်တော်ဥက္ကဋ္ဌတို့က ပေးပို့သည့် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်က
မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ တောင်သူလယ်သမား၊ အလုပ်သမား နှင့် လူငယ်ရေး
ရာကော်မတီ ကို တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဟူ၍ ကော်မတီအမည် ပြင်ဆင်ခြင်းကိုလည်းကောင်း၊
ကော်မတီအဖွဲ့ဝင်များ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းတွင် ပြည်သူ့ငွေစာရင်းကော်မတီမှ အဖွဲ့ဝင်
ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင် အစား တပ်ကုန်း မဲဆန္ဒနယ်မှ ဦးကျော်တင့် အားလည်းကောင်း၊
သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးရွှေလှ(ခ) ဦးရွှေလှဝင်း အစား လှည်းကူး မဲဆန္ဒနယ်မှ ဦးသိန်းတန်
အားလည်းကောင်း၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင် အစား မှော်ဘီမဲဆန္ဒနယ်မှ ဦးအောင်ဝင်းအား
လည်းကောင်း၊ ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့် အစား ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်တို့
အား လည်းကောင်း၊ လွှတ်တော်အခွင့် အရေးကော်မတီမှ အဖွဲ့ဝင်ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း
အစား ပုသိမ်ကြီး မဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း အားလည်းကောင်း၊ တိုင်းရင်းသားရေးရာနှင့်
ပြည် တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုတော်မတီ မှ အဖွဲ့ဝင် ရွှေတောင် မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး
အစား လက်မံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းအား လည်းကောင်း၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ မှ အဖွဲ့ဝင် ပင်းတယမဲဆန္ဒနယ်မှ ဦးစိုးမြင့် အစား ယင်းမာပင်မဲဆန္ဒနယ်မှ
ဦးအောင်စိုးအားလည်း ကောင်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့် အစား ပေါက် မဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်းအား
လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ မှ အဖွဲ့ဝင်
ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး အစား ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးအား
လည်းကောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီမှအဖွဲ့ဝင်
ရေတာရှည်မဲဆန္ဒနယ်မှ ဦးကြည်မိုးနိုင် အစား ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစောအားလည်းကောင်း၊
ထန်းတပင်မဲဆန္ဒနယ်မှ ဦးဇော်ဝင်း အစား ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာ
ဦးခင်မောင်မောင်အားလည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီမှအဖွဲ့ဝင် မိုးညိုမဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်း အစား ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွန့်အားလည်းကောင်း၊
သရက်ချောင်း မဲဆန္ဒနယ်မှ ဦးအောင်စိုး အစား ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်း အားလည်းကောင်း၊
ခန္တီးမဲဆန္ဒနယ်မှ ဦးအောင်သန်းစိန် အစား ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုးအား လည်းကောင်း၊
အလုံမဲဆန္ဒနယ်မှ ဦးရဲလွင် အစား ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း အားလည်းကောင်း၊ စီးပွားရေးနှင့်
ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး
အစား ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်အား လည်းကောင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး
အစား ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဦးအေးမင်းအား လည်းကောင်း၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို
အစား သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းအား လည်းကောင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီမှအဖွဲ့ဝင်
မော်လိုက် မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း အစား အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးတို့ဖြင့်
အစားထိုး ပြင်ဆင်ဖွဲ့စည်းကြောင်း လွှတ်တော်က အတည်ပြု ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ရုပ်သိမ်းကြောင်း လွှတ်တော်သို့
အသိပေးတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်
က ကော်မတီ များ ဖွဲ့စည်းရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ရက်မြောက်နေ့
အစည်းအဝေးကို မတ် ၈ ရက် နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။


No comments:
Post a Comment