Sunday, March 27, 2016

သုတေသနနှင့် ဓာတ်ခွဲပညာရှင်များက တောင်သူများလက်ဝယ်အရောက် ပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်လိုအပ်


နေပြည်တော် မတ် ၂၇

ဌာနအသီးသီးနှင့် ဓါတ်ခွဲခန်းများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း ပညာရှင်များအား နိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် သုတေသနနှင့် ဓါတ်ခွဲခန်းပညာရှင်များသည် မိမိတို့ကျွမ်းကျင် တတ်မြောက်ထားသော ပညာရပ်များကို တောင်သူလယ်သမားများလက်ဝယ်သို့ ထိထိရောက်ရောက် အသုံးပြုနိုင်ရေးအတွက် ပညာပေးခြင်းလုပ်ငန်းများကို ယခုထက်ပိုမို၍ တိုးတက်ကြိုးပမ်းလုပ်ဆောင်သွားရန်နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတစ်ဝှမ်းလုံးတွင် မြို့နယ်ပေါင်း(၃၃၀)၊ ကျေးရွာပေါင်း (၆၄၀၀၀)ကျော် ရှိသည့်အနက် မြို့နယ်တစ်မြို့နယ်ခြင်းစီ၏ မြေနမူနာများကိုရယူ၍ ဓါတ်ခွဲ စမ်းသပ်ခြင်းများဆောင်ရွက်ပြီး၊ စပါးသီးနှံအပါအဝင် ဒေသအလိုက် စီးပွားဖြစ် စိုက်ပျိုး ကြသော အဓိကသီးနှံအမယ်များ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊
တစ်ဧက အထွက်နှုန်း တိုးတက်ရေးတို့အတွက် ဓါတ်ခွဲပညာရပ်ဆိုင်ရာ ကျယ်ပြန့်သော အသိပညာပေးရေးလုပ်ငန်းနှင့် ထိရောက်သော အသုံးချလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က မတ် ၂၆ ရက် နံနက် (၁၀)နာရီ တွင် မန္တလေးတိုင်းဒေသကြီး အထက်မြန်မာပြည် ဌာနအသီးသီးနှင့် ဓာတ်ခွဲခန်း ပညာရှင်များနှင့်တွေ့ဆုံပွဲတွင် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးအုန်းသန်းတို့သည်  ခေတ်မီအဆင်မြင့် သုတေသန ဓါတ်ခွဲခန်းများနှင့် တာဝန်ထမ်းဆောင်နေကြသော ဓါတ်ခွဲခန်းပညာရှင် ဝန်ထမ်း များအား ကွင်းဆင်း စစ်ဆေးအားပေးပြီး၊ ဌာနအလိုက် ဝန်ကြီးဌာနအောက်ရှိ ဌာန(၇)ခုတို့မှ နိုင်ငံ့ဝန်ထမ်းများ နေထိုင်လျက် ရှိသော (၄)ထပ်နေအိမ်အဆောက်အအုံများ၊ ရုံးအဆောက်အအုံများအား ဌာန အလိုက် ကြည့်ရှုစစ်ဆေးသည်။ 

No comments:

Post a Comment