Sunday, March 27, 2016

ဒေးဒရဲမြို့ စံပြမူလတန်းကြိုကျောင်းဖွင့်လှစ်



နေပြည်တော် မတ် ၂၇

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် မတ်(၂၆)ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိပြီးဝန်ကြီးဌာနမှ ငွေကျပ်သိန်း(၃၀)ွဖင့် ထောက်ပံ့ထားသည့် ကျောက်စိမ်းလမ်းတွင် ကျန်ရှိသည့် ကွန်ကရစ်လမ်းနှင့် ပတ္တမြားလမ်းကွန်ကရစ်လမ်း ကိုလည်းကောင်း၊ ဆက်လက်၍ (၁၀)ရပ်ကွက်၌ ဝန်ကြီးဌာနမှ ငွေကျပ်သိန်း(၅၀)ွဖင့် ထောက်ပံ့ထားသည့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ဝန်ကြီးဌာနမှ ငွေကျပ်(၁၈၈.၉)သိန်းဖြင့် ထောက်ပံ့ထားသည့် ပြည်သူ့ပန်းခြံအတွင်း ဖျာပုံမြစ်ကမ်းပါးထိန်း ကွန်ကရစ်နံရံဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ကာဖဲကြိုွးဖတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကိုနံ့သာရည် ပက်ဖျန်းပေးသည်။



ဆက်လက်၍ ဒေးဒရဲမြို့သို့ သွားရောက်ပြီးဝန်ကြီးဌာနမှငွေကျပ်သိန်း (၁၀၀)ွဖင့် ထောက်ပံ့ ထားသည့် စန္ဒာမုနိဘုရားကြီးလမ်း ကွန်ကရစ်လမ်းကိုလည်းကောင်း၊ ဝန်ကြီးဌာနမှ ငွေကျပ်သိန်း(၄၅၀)ဖြင့် ထောက်ပံ့ထားသည့် ဒေးဒရဲမြို့ စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကိုနံ့သာရည် ပက်ဖျန်းပေး၍ မူကြိုကလေးများအား လက်ဆောင်ပစ္စည်းများ ပေးခဲ့ပါကြောင်းသိရသည်။ 

No comments:

Post a Comment