Sunday, March 27, 2016

(၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်




နေပြည်တော်၊ မတ် - ၂၇

(၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။


ရှေးဦးစွာ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။

ထို့နောက် (၇၁)နှစ်မြောက်တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး က စစ်ရေးပြ ဂုဏ်ပြုဆု ရရှိကြသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအထူးတပ်ဖွဲ့၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုတပ်ဖွဲ့၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြုတပ်ဖွဲ့ ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုတပ်ဖွဲ့၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုတပ်ဖွဲ့ ၊ တပ်မတော်(ကြည်း)(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)စစ်ရေးပြတပ်ခွဲတို့ အလံကိုင်အဖွဲ့ ဂုဏ်ပြုဆုရရှိသော တပ်မတော်(ကြည်း)(အမျိုးသမီး)အလံကိုင်အဖွဲ့၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့ ဂုဏ်ပြုဆုရရှိသော ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ အလံကိုင်အဖွဲ့ အကောင်းဆုံးဆုရရှိသော အောင်ဇေယျစစ်ကြောင်း ကိုယ်စားပြုအလံကိုင်အဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသော ဆင်ဖြူရှင်စစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက   အကောင်းဆုံးစခန်း တတိယ ဆုရရှိသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်းအကောင်းဆုံး တတိယဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး တတိယဆုရရှိသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အကောင်းဆုံး စခန်းဒုတိယ ဆုရရှိသော ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်းအကောင်းဆုံး ဒုတိယဆုရရှိသော စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆုရရှိသော လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲနှင့် စစ်ရေးပြအကောင်းဆုံး ဒုတိယဆု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က အကောင်းဆုံး စခန်းပထမဆု ရရှိသော ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆုရရှိသော ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆုရရှိသော ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)၊ စံပြတပ်ခွဲ တတိယဆု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆုရရှိသော စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲနှင့် စံပြတပ်ခွဲ ပထမဆုရရှိသော  ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြု တပ်ခွဲတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က ဂုဏ်ပြုအမှာစကား ပြောကြားပြီး  ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


(မြ၀တီ)

No comments:

Post a Comment