နေပြည်တော် မတ် ၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည်
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Oliver RICHARD အား ယနေ့မွန်းလွဲ
၂ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး
H.E.Mr.K.W.N.D Karunaratne အား ယနေ့ ညနေ ၃ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ
တူရကီနိုင်ငံ သံအမတ်ကြီး H.E.Mr. Murat Yavuz Ates အား ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင်လည်းကောင်း
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်
ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

No comments:
Post a Comment