Friday, March 4, 2016

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဂျေဂျီစီအုပ်စု၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ




နေပြည်တော် မတ် ၎

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် ဂျပန်နိုင်ငံ ဂျေဂျီစီအုပ်စု၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ မစ္စတာ ယိုရှီဟီဒို ရှီဂဲဟီဆ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအကောင် အထည်ဖော်ရေး၊ လေဆိပ်နှင့်ဆက်စပ်လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရေး၊ ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးမှုအကူ အညီရရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ကြသည်။


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်လဲ့လဲ့သိန်းတို့ တက်ရောက်ကြသည်။ 

No comments:

Post a Comment