နေပြည်တော် မတ်
၎
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်အစိုးရ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့်
ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး ဦးစီးကော် မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့
မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုဝေးခန်းမ၌ကျင်းပရာ
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ
ကျင်းပရေး ဦးစီးကော်မတီ နာယကအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍
အဖွင့်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ဒုတိယသမ္မတ
က အမှာစကားပြောကြားရာတွင် သာသနာတော်ဆိုင် ရာ
ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်း အနားများကို
အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့နှင့် ဦးစီးကော်မတီ တို့ကို ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း၊
လုပ်ငန်းများကို စနစ်တကျ ခွဲဝေဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ နှင့် ဆပ်ကော်မတီ
၁၀ ခုကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။
နိုင်ငံတော် သံဃမဟာနာယက
ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်ကြီးများ သည် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့်
ကြွရောက်မည်ဖြစ် သောကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် အထူးလေယာဉ် ရရှိရေး၊ ဆရာတော်
ကြီးများ လိုက်ပါစီးနင်းစဉ် အဆင်ပြေချောမွေ့စေရေးတို့ကို ဆောင်ရွက်ပေးစေလိုပါ ကြောင်း။
နေပြည်တော်တွင်
ခေတ္တသီတင်းသုံးမည့် ဆရာတော်ကြီးများ၊ ဘွဲ့ခံဆရာတော် ကြီးများနှင့် သီလရှင်ဆရာကြီးများ
စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက် သတင်းသုံးမည့်နေရာများ ပတ်ဝန်းကျင်သန့်ရှင်းရေး၊
စိမ်းလန်းစိုပြည်သာယာလှပ စေရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ပေးစေလိုပါကြောင်း။
ထို့ပြင် ဘွဲ့တံဆိပ်တော်ရ
ပြည်ပဆရာတော် ၁၁ ပါး၊ ပြည်ပသီလရှင်ဆရာကြီး ၁ ပါး၊ ပြည်ပသာသနာပြုလူပုဂ္ဂိုလ် ၁ ဦးတို့နှင့်အတူ
အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ ဆရာတော် ၅ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ
ဆရာတော် ၄ ပါးတို့သည် ပြင်ပဟိုတယ်၌ သီတင်းသုံးမည်ဖြစ်ရာ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနမှ
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေ လိုပါကြောင်း။
နိုင်ငံတော်အဆင့်
ဆရာတော်ကြီးများ၊ ပြည်တွင်းပြည်ပမှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအတွက် အရုဏ်ဆွမ်း၊
နေ့ဆွမ်းများ ဆက်ကပ်ရာတွင် ကျန်းမာ ရေးနှင့် ညီညွှတ်ပြီး သန့်ရှင်းလတ်ဆတ်သော ဟင်းလျာများ
ဆက်ကပ်နိုင်ရေးအတွက် ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ကြိုတင်ညှိနှိုင်း စီမံဆောင်ရွက်ပေးစေလိုပါ
ကြောင်း။
ဆရာတော်ကြီးများ၏
ကျန်းမာရေးအတွက် Medical Check Up ပြုလုပ်ပေးရန်၊ ဆရာတော်ကြီးများ သီတင်းသုံးသည့်အဆောင်များရှိ
အခန်းများတွင် လိုအပ်သော တိုင်းရင်းဆေးဝါး၊ အနောက်တိုင်းဆေးဝါးများ ထည့်ထားပေးရန်၊
အရေးပေါ်လူနာတင် ယာဉ်များ စီစဉ်ထားရှိရန် ဆောင်ရွက်ပေးစေလိုပါကြောင်း။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင်
ကိုယ်တိုင်ကြွရောက်မည့် ဆရာတော် ၁၅၂ ပါး၊ သီလရှင် ၇ ပါးရှိပြီး ကြိုတင်လောင်းလှူရမည့်
ဆရာတော်အပါး ၆၀ ရှိသည်ကို သိရှိရသည့်အတွက် ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ စနစ်တကျ
ဆက်ကပ် လှူဒါန်းနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်
ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင်များ ပိုမိုများပြားသည့်အတွက်
ဆွမ်းဆန်တော်လောင်းလှူရာတွင် အချိန်ကြန့်ကြာမှုမရှိစေရန် စီမံဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
ထို့ပြင် လုံခြုံရေးကို
အထူးဂရုပြု ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း၊ လုံခြုံရေးကျိုးပေါက်မှု
မရှိအောင် ကော်မတီများမှ လုံခြုံရေး ဆပ်ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့်
ဌာနအသီးသီးမှ တာဝန်ရှိသူ များ၊ အခမ်းအနား တက်ရောက်ကြမည့် ဧည့်ပရိသတ်များ လိုက်နာဆောင်ရွက်ရမည့်
လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်ကိုလည်း အသိပေးထုတ်ပြန်သွားရန် လိုအပ် ပါကြောင်း။
သို့ဖြစ်၍ သာသနာတော်ဆိုင်ရာ
ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား စည်ကားသိုက်မြိုက်
အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများမှ စနစ်တကျစီစဉ်ဆောင်ရွက်ပေးကြရန်နှင့်
ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများ၏
လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ဆဲ အခြေ အနေများကို တင်ပြဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် သာသနာတော်ဆိုင်ရာ
ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်လောင်းလှူခြင်းအခမ်းအနားများ
အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ
သည်။
အလားတူ ဆပ်ကော်မတီများကလည်း
သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆပ်ကော်မတီများ၏
တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဒုတိယ သမ္မတ က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။
၂၀၁၆ ခုနှစ် သာသနာတော်ဆိုင်ရာ
ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို
မတ် ၂၃ ရက် တပေါင်းလပြည့်နေ့ မွန်းလွဲ ၁ နာရီတွင်
ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ရဟန်းတော်
၁၅၂ ပါး၊ သာသနာနွယ်ဝင် သီလရှင်ဆရာကြီး ၇ ပါး၊ လူပုဂ္ဂိုလ်အမျိုးသား ၁၈ ဦး၊ လူပုဂ္ဂိုလ်အမျိုးသမီး
၃၇ ဦးတို့အား လည်းကောင်း၊ ပြည်ပနိုင်ငံ ၉ နိုင်ငံမှ ဆရာတော် ၁၁ ပါး၊ သီလရှင်ဆရာကြီး
၁ ပါးနှင့် ပြည်ပ သာသနာပြုလူပုဂ္ဂိုလ် ၁ ဦးတို့အားလည်းကောင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်
များကို ဆက်ကပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment