Tuesday, March 22, 2016

မြန်မာဆေးရေးပန်းချီအသင်းနှင့် ထိုင်းဖုန်းကန်တက္ကသိုလ်တို့ပူးပေါင်း၍ ပန်းချီဓာတ်ပုံပြပွဲ ကျင်းပ


မန္တလေး မတ် ၂၁

မြန်မာနိုင်ငံ ရေဆေးပန်းချီ အသင်းနှင့် ထိုင်းနိုင်ငံ ဖုန်းကန် တက္ကသိုလ်တို့ ပူးပေါင်းပြသသည့် ပန်းချီဓာတ်ပုံပြပွဲအား မတ် ၂၁ ရက် မှစတင်ကာ မန္တလေးမြို့ မန္တလေး တောင်အရှေ့ဘက်ရှိ ကုသိုလ်တော်ပြ ခန်း၌ ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းချီဓာတ်ပုံပြပွဲတွင် ထိုင်းနိုင်ငံမှ ဓာတ်ပုံပညာရှင် ၁၅ ဦး က ဓာတ်ပုံ ၄၇ ပုံ၊ မြန်မာဓာတ်ပုံပညာ ရှင်တစ်ဦးက ဓာတ်ပုံငါးပုံ စုစုပေါင်း ၅၂ ပုံနှင့် ထိုင်းပန်းချီပညာရှင် ခုနစ်ဦးနှင့် မြန်မာနိုင်ငံမှ ပန်းချီ ပညာရှင် ဒေါက်တာလွန်းကြွယ်၊ ပန်းချီစိုးမိုးနှင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ မုံရွာ စသည့်မြို့များမှ ပန်းချီဆရာကြီးများ၏ ရေဆေးပန်းချီ ကား စုစုပေါင်း ၆၂ ကားတို့အား မတ် ၂၁ ရက်မှ၂၅ ရက်ထိ နေ့စဉ်နံနက် ၉နာရီမှ ညနေ ၅နာရီထိ ပြသသွား မည်ဖြစ်ကြောင်း သိရသည်။



'' မြန်မာ-ထိုင်း ပူးပေါင်းလုပ်တဲ့ ပြပွဲကို စိတ်ဝင်စားကြပါတယ်။ အခု လို ပြပွဲဖြစ်မြောက်အောင် ကူညီပေး ကြတဲ့ မန္တလေးကပန်းချီဆရာများနဲ့ပါဝင်ကူညီဆောင်ရွက်ပေးသူများကို ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီး လည်း အပြန်အလှန် အနုပညာဖလှယ် ဖို့ ပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲ များကိုလည်း ဆက်လက်လုပ်ဆောင် သွားဖို့ အစီအစဉ်ရှိပါတယ်'' ဟု ထိုင်း နိုင်ငံ ဓာတ်ပုံပညာဌာန တွဲဖက် ပါမောက္ခDr. Kavaid Silsatက ပြောကြားခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြကြောင်း သိရ သည်။

No comments:

Post a Comment