နေပြည်တော် ဖေဖော်ဝါရီ ၂
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
Fauna& Flora International(FFI) နှင့်Ramsar Centre Japan(RCJ)တို့ပူးပေါင်းကျင်းပသော၂၀၁၆ခုနှစ်၊ကမ္ဘာ့ရေတိမ်ဒေသများနေ့
(World Wetlands Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့ ပျဉ်ပုံကြီး ကျေးရွာအနီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်
ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းထွန်းတက်ရောက်၍ အမှာစကားပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်
ကမ္ဘာ့ရေတိမ်ဒေသများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ရာ
ရေတိမ်ဒေသများဆိုင်ရာရမ်ဆာကွန်ဗင်းရှင်း (Ramsar Convention on Wetlands) ၏၂၀၁၆ ခုနှစ်
ကမ္ဘာ့ရေတိမ်ဒေသများနေ့ဆောင်ပုဒ်မှာ “လူမှုဘဝ ရေရှည်ဖွံ့ဖြိုးရေး၊ ရေတိမ်ဒေသ များမှဖြည့်ဆည်းပေး”
(Wetlands for our Future: Sustainable Livelihoods )ဟု ထုတ်ပြန် ထားရှိပြီး လူသားများ၏အနာဂတ်
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်အသစ်များ ချမှတ်နိုင်ရန် ရေတိမ်ဒေသများ၏အရေးပါပုံကို
ဖော်ထုတ်ပြသလိုသောကြောင့် ရွေးချယ်ခြင်းဖြစ်ပါကြောင်း။
၁၉၇၁ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ
ရေတိမ်ဒေသများအစည်းအဝေးကို အီရန် နိုင်ငံ ရမ်ဆာမြို့၌ ကျင်းပခဲ့ရာ ကွန်ဗင်းရှင်းအဖြစ်ဖွဲ့စည်းရန်
ကမ္ဘာ့နိုင်ငံများမှ တက်ရောက်လာသူများ သဘောတူ လက်မှတ်ရေးထိုးခဲ့၍ ရမ်ဆာကွန်ဗင်းရှင်း
စတင်ပေါ်ပေါက်လာခဲ့ပါကြောင်းနှင့် ကမ္ဘာ့ဒေသ အသီးသီးရှိ ရေတိမ်ဒေသများကို ပူးပေါင်းထိန်းသိမ်းကာကွယ်နိုင်ရေးအတွက်
ရမ်ဆာနယ်မြေများRamsar Sites အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါကြောင်း၊ ကွန်ဗင်းရှင်းစတင်ဖွဲ့စည်းနိုင်ခဲ့သည့်နေ့ရက်ကို
ဂုဏ်ပြု သောအားဖြင့် ဖေဖော်ဝါရီ ၂ရက်နေ့ကို ကမ္ဘာ့ရေတိမ်ဒေသများနေ့ (World Wetlands
Day) အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၇ခုနှစ်မှ စတင်ကာ နှစ်စဉ်ကမ္ဘာတစ်ဝှမ်း ကျင်းပခဲ့ပါကြောင်း၊
ယနေ့ကမ္ဘာ့ရေတိမ် ဒေသများနေ့ အထိမ်း အမှတ် အခမ်းအနားကို ကမ္ဘာ့အရေးပါသော ရေတိမ်ဒေသများစာရင်းဝင်ပြီး
မြန်မာနိုင်ငံ၏ သဘာဝနယ်မြေ တစ်ခုဖြစ် သော မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ကျင်းပခြင်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေနှင့် အပြည်ပြည်ဆိုင်ရာရေတိမ်ဒေသများ
ကွန်ဗင်းရှင်း (Convention on Wetlands) အဖွဲ့ဝင် အဖြစ် ၂၀၀၅ ခုနှစ် မတ် ၁၇ ရက်နေ့တွင်
လက်မှတ်ရေးထိုးဝင်ရောက်ခဲ့ပြီး ရေတိမ်ဒေသ ထိန်းသိမ်းရေး လုပ်ငန်း စဉ်များကို ကွန်ဗင်းရှင်းသဘောတူညီချက်များနှင့်အညီ
အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရေတိမ်ဒေသဂေဟစနစ်
များစွာတည်ရှိနေသော်လည်း ကမ္ဘာ့အရေး ပါသော ရေတိမ်ဒေသစာရင်းဝင် (Ramsar Site) အနေအဖြစ်
မိုးယွန်းကြီးအင်းဘေးမဲ့တောကို အသိအမှတ်ပြုခံရခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက်
Ramsar Site စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကိုလည်း
မြန်မာနိုင်ငံ၏ ဒုတိယမြောက် Ramsar Site အဖြစ် ယနေ့ထပ်မံသတ်မှတ်ကြေညာသွားမည်ဖြစ်ပါကြောင်း၊
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ကမ္ဘာ့ရှားပါးစာရင်းဝင် ဆောင်းခိုငှက်မျိုးစိတ်ဖြစ်သော
ရေညှောင့်နှုတ်ဝိုင်းငှက်များ ကျရောက်ကျက်စားသော မုတ္တမပင်လယ်ကွေ့ဒေသအတွင်းရှိ နေရာများကိုလည်း
Ramsar Site များအဖြစ် သတ်မှတ်နိုင်ရေး ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ကို အသိပေးလိုပါကြောင်း။
၂၀၀၄ ခုနှစ်က ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန
အထောက်အပံ့ဖြင့် သစ်တောဦးစီးဌာန Birdlife International တို့ ပူးပေါင်းကွင်းဆင်း စာရင်းကောက်ယူမှုအရ
မြန်မာနိုင်ငံဧရာဝတီနှင့် ချင်းတွင်း မြစ်ဝှမ်းဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ စစ်တောင်းမြစ်ဝှမ်းဒေသနှင့်
ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် အရေးပါသည့် ရေတိမ်ဒေသ (Wetland Sites) စုစုပေါင်း ၉၉
ခုကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း။
ရေတိမ်ဒေသများ ရေရှည်တည်တံ့စေပြီး ဒေသခံပြည်သူများ
လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေသော နည်းစနစ် များဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ
ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ရေသွင်းရေထုတ် မြောင်းများ စနစ်တကျတည်ဆောက်ခြင်းနှင့် စွန့်ပစ်ရေဆိုးများ
ပြန်လည်သန့်စင်အသုံးချခြင်းများ အပါအဝင် ရေသယံဇာတ အရင်းအမြစ်များ စနစ်တကျစီမံခန့်ခွဲခြင်း၊
ရာသီဥတုပြောင်းလဲမှုဒါဏ်ခံနိုင်သော သီးနှံ မျိုးစိတ်များ တိုးမြှင့်စိုက်ပျိုးခြင်း၊
ဓါတုပိုးသတ်ဆေးများ သုံးစွဲမှုလျှော့ချခြင်း၊ သဘာဝမြေသြဇာများ ပိုမို အသုံးပြုစေခြင်းနှင့်
မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်ခြင်း (Family farming) များပိုမိုအားပေး
ခြင်းတို့ကို ကျင့်သုံး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ဆက်လက်၍ ရေတိမ်ဒေသများအားစနစ်တကျ စီမံအုပ်ချုပ်ရေးဆိုင်ရာဆွေးနွေးပွဲအား
ကျင်းပ သွားမည်ဖြစ်ပြီး နိုင်ငံတကာရေတိမ်ဒေသစီမံအုပ်ချုပ်မှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအပေါ်တွင်
အခြေခံပြီး မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ဓလေ့ထုံးစံများ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်
ကိုက်ညီသော ရေတိမ်ဒေသ စီမံအုပ် ချုပ်မှုပုံစံတစ်ခုကို ချမှတ်ရေးဆွဲနိုင်ရေး၊ တက်ရောက်လာသူများက
မိမိတို့အတွေ့အကြုံ များ၊ အသိပညာ များအပေါ်အခြေခံပြီး ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြပါရန်
တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွင်း ရေတိမ်ဒေသ ဂေဟစနစ်အတွက် အရေးပါသည့် နယ်မြေအများအပြားရှိနေသော်လည်း
ကမ္ဘာ့အရေးပါသော ရေတိမ်ဒေသ စာရင်းဝင် (Ramsar site) အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ
မိုးယွင်းကြီးအင်းရေတိမ်ဒေသ တစ်ခုတည်းကိုသာ ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခံခဲ့ရပါကြောင်း၊
ရေတိမ်ဒေသများ၏တန်ဖိုးကို သိရှိနားလည်ပြီး ထိန်းသိမ်းကာကွယ်ခြင်းသာမက စနစ်တကျအကျိုးရှိစွာ
အသုံးချခြင်းကိုလည်း အလေးထား ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ရေတိမ်ဒေသများ
ရေရှည် တည်တံ့စေရန်အတွက် ဒေသခံပြည်သူများနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး နည်းစနစ်များ၊
ခေတ်မှီစိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းပညာများ အစရှိသည့် ရေတိမ်ဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများအား
ပါဝင်ပတ်သက်သူ အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ Ramser Centre of Japanမှအထွေထွေအတွင်းရေးမှူးချုပ်
Ms. Reiko Nakamura နှင့်Wetland International Japan၏ president ဖြစ်သူ Mr.
Yoshihiro Natori တို့က အမှာစကားများ ပြောကြားကြသည်။
ရေတိမ်ဒေသ ထိန်းသိမ်းရေးဆိုင်ရာသင်တန်းနှင့်
အလုပ်ရုံဆွေးနွေးပွဲကို အစိုးရဌာနကိုယ်စားလှယ် များနှင့် ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော
အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းအဖွဲ့များ၊ ဒေသခံအစုအဖွဲ့ ကိုယ်စားလှယ် များတို့ဖြင့်
နိုင်ငံတကာရေတိမ်ဒေသ ထိန်းသိမ်းရေးအတွေ့အကြုံ၊ နည်းစနစ်များကို မျှဝေဖ လှယ်ခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းတို့ကို
ဆက်လက်ဆောင်ရွက်ကြကြောင်းသိရှိရသည်။
No comments:
Post a Comment