နေပြည်တော် ဖေဖော်ဝါရီ
၂
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ(JICA)တို့ ပူးပေါင်း ကျင်းပသည့် မြန်မာ့စက်မှုဖွံ့ဖြိုးမှု စီမံကိန်းနှင့် ဒုတိယကာလတို(၅)နှစ်
စီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေး တိုင်းဒေသကြီး၊
မန္တလေးမြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးရဲမြင့်၊ မြို့တော်ဝန် ဦးအောင်မောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
ဂျပန်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့်
စက်မှုဇုန်များမှ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က
အမျိုးသားဘက်စုံဖွံ့ဖြိုးမှု စီမံကိန်းကို စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးဖြစ်ပေါ်လာစေရေးနှင့်
ပြည်သူအားလုံးရရှိခံစားနိုင်မည့် တိုးတက်မှုများ ဖြစ်ပေါ်လာ စေရေးဟူသည့် ရေရှည်ဖွံ့ဖြိုးမှု
မူဝါဒ(၂)ရပ်နှင့် ဖွံဖြိုးမှုအတွက် အဟန့် အတားဖြစ် နေသည့် စိန်ခေါ် မှုများကို ကျော်လွှားနိုင်ပြီး
ကမ္ဘာ့နိုင်ငံများသို့ ဝင်ဆံ့နိုင်မည့် ဖွံ့ဖြိုးမှုကို အထောက်အကူပြုသော အုပ်ချုပ်မှု
အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေခြင်း၊ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးခြင်း၊
ပြည်တွင်း ပြည်ပဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများချဲ့ထွင်ခြင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော
ကဏ္ဍ များကို အားပေးမြှင့်တင်ခြင်း၊ ပြည်တွင်းစီးပွားရေး
အလားအလာကောင်းများ ဖြစ်ထွန်းလာစေခြင်း၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသော
မဟာဗျူဟာ(၇)ရပ်တို့ဖြင့် ရေးဆွဲထားပါကြောင်း၊ ရန်ကုန် နှင့်မန္တလေးဒေသတို့ကို ဖွံ့ဖြိုးမှုဝင်ရိုးထားရှိပြီး
အခြား ဒေသများသို့ ပျံ့နှံ့အကျိုး သက်ရောက်မှု၊ ဖိတ်လျှံအကျိုးသက်ရောက်မှုများ ရရှိရေးတို့ကို
အလေး ထားရေးဆွဲထားပါကြောင်း။
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏
စက်မှုလက်မှုလုပ်ငန်းများ ဒုတိယအများဆုံး ရှိပြီး ဖွံ့ဖြိုးမှု ဗဟိုဆုံချက်ကျရာ နေရာဖြစ်သောကြောင့်
လက်ရှိအခြေခံကောင်းများမှ တစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန် ရရှိအောင် ဆောင်ရွက်နိုင်ရန်အတွက်
အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် စာတမ်း(၆)စောင်သည် မန္တလေး တိုင်းဒေသကြီးအပါအဝင်
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးရဲမြင့်မှ ဂျပန်နိုင်ငံ GRIPS တက္ကသိုလ်မှ ပါမောက္ခ Dr. Toshihiro KUDO တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်
ဦးမောင်မောင်တင့်က Growth Strategy and
Programs of the 2nd Five year Plan of Myanmar (with special reference to
Mandalay Regional Development) ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
နှင့် မြန်မာ့ဈေးကွက် သုတေသနနှင့် ဖွံ့ဖြိုးမှု(MMRD)ကုမ္ပဏီ တို့က စာတမ်း ၆ စောင်ကို ဖတ်ကြားတင်ပြကြပြီး မန္တလေးတိုင်း
ဒေသကြီး စီမံကိန်းမှူး က ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း၊ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာနက မြစ်ငယ်ကုန်တွင်း ဆိပ်ကမ်း ( Dry Port ) စီမံကိန်း များနှင့် စပ်လျဉ်း၍
ဖြည့်စွက်ဆွေးနွေးကြသည်။ ထို့နောက် မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေး
ဝန်ကြီး က နိဂုံးချုပ် စကားပြောကြားသည်။
No comments:
Post a Comment