Friday, February 26, 2016

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis အားယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ် တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment