Friday, February 26, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀) နာရီတွင်ကျင်းပရာ အမျိုးသား လွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ပြင်သစ်၊ ဘရူနိုင်း၊ လပ်ဗီးယား၊ ပိုလန်၊ ဘယ်လာရုစ် လွှတ်တော်များနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်း များ ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုဆောင် ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မြန်မာ- ကမ္ဘောဒီးယားလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းကို ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး အဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းတို့ဖြင့် လည်းကောင်း၊ မြန်မာ-ပြင်သစ်လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေးအသင်းကို ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်ရှီလာနန်တောင်(ခ) အမ်နန်တောင်၊ အတွင်း ရေးမှူးအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးခွန်သိန်းဖေတို့ဖြင့်လည်းကောင်း၊ မြန်မာ-ဘရူနိုင်း လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေးအသင်းကို ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဦးဆန်းမြင့်၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်းတို့ဖြင့်လည်းကောင်း၊ မြန်မာ-လပ်ဗီးယား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းကိုဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁၁)မှဒေါက်တာဝင်းမြင့် တို့ ဖြင့် လည်းကောင်း၊ မြန်မာ-ပိုလန်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ ဒေါက်တာ တင်တင်ဝင်း၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁) မှဒေါ်ထုမေတို့ဖြင့် လည်းကောင်း ပါဝင်သည့်အဖွဲ့ဝင် (၁၀)ဦးစီဖြင့် ပြင်ဆင် ဖွဲ့စည်းခြင်းကို လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် မြန်မာ-ဘယ်လာရုစ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်း၊ အတွင်း ရေးမှူးအဖြစ် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၇) မှ ဒေါ်နော်ခရစ္စထွန်း တို့အပါအ၀င် အဖွဲ့ဝင် ၁၁ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်ကအတည်ပြုကြောင်းကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို နံနက်(၁၀)နာရီ(၁၅)မိနစ်တွင် ရပ်နားလိုက်ပြီး ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက် နေ့ကို ကြိုတင်အသိပေး မည်ဖြစ်ကြောင်း ကြေညာသည်။

No comments:

Post a Comment