Monday, February 8, 2016

Media Development Thematic Working Group(MDTWG) ဆွေးနွေးပွဲကျင်းပ


ရန်ကုန် - ဖေဖော်ဝါရီ ၈
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနက်စကို တို့ ပူးပေါင်းကျင်းပသည့်  Media  Development  Thematic  Working  Group(MDTWG)   ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက  ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ပြည်ပ သတင်း မီဒီယာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် သံရုံးများမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ယူနက်စကို မြန်မာဌာနေကိုယ်စားလှယ် Mr.Sardar  Umar  Alam က အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် အစိုးရ သက်တမ်းကာလအတွင်း မီဒီယာပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များနှင့်  သတင်းမီဒီယာနှင့် ပတ်သက်သော ဥပဒေကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး သည်။
ဆက်လက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဗဟိုကော်မတီအဖွဲ့ဝင် ဦးကြည်တိုးနှင့် သတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစော တို့က ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက မီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး သတင်းအချက် အလက်ဆိုင်ရာ အခွင့်အရေး၊ ဥပဒေမူကြမ်းကို မတ်လတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့်ဆွေးနွေးပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment