နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်
ခမ်းသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီး မြို့ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ကြီး)၏
(၁၆) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊
မြန်မာနိုင်ငံဆရာဝန် အသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြ၊ မြန်မာနိုင်ငံဆရာဝန်အသင်း
(တောင်ကြီး)ဥက္ကဋ္ဌ ဒေါက်တာဦးကြည်စိုးနှင့် တာဝန်ရှိသူများက (၁၆)ကြိမ်မြောက် နှစ်ပတ်လည်
ညီလာခံ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
ဆေးနှင့် ဆေးပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့်
ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ပေးနေသည်များကို ရှင်းလင်း ပြောကြားလိုပါကြောင်း၊
ကျန်းမာရေးကဏ္ဍ အသုံးစရိတ်သည် (၂၀၁၁) ခုနှစ်တွင် ကျပ်(၈၆ ဒသမ ၅၈)ဘီလီယံရှိရာမှ (၂၀၁၅)ခုနှစ်တွင်
ကျပ်(၈၁၄ ဒသမ ၃၇ ) ဘီလီယံအထိ ရှိလာခဲ့ပါကြောင်း၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို
လက်လှမ်းမှီစေရန်အတွက် လွန်ခဲ့သည့်(၅)နှစ်အတွင်း၌ ဆေးရုံ(၂၂၅)ရုံ တိုးချဲ့ဖွင့်လှစ်
ခဲ့ပြီး ဆေးရုံ(၁၀၀)ကို အဆင့်မြှင့်တင်ပေးခဲ့ပါကြောင်း၊ အလားတူ
ခရိုင်၊ မြို့နယ် ကုသရေးဆေးရုံ (၄၂၁)ရုံကို အသစ်တည်ဆောက် ဖွင့်လှစ်ပေးနိုင်ခဲ့သကဲ့သို့
ကျေးလက်ကျန်းမာရေးဌာန (၂၂၅)ခု၊ တိုင်းရင်းဆေးရုံ(၄၄)ရုံ၊ သူနာပြုသားဖွား ကျောင်း(၉)ကျောင်းကို
အသစ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။
ဆေးပညာလောက၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးရန်နှင့်
အသိပညာ များကို မျှဝေရန်၊ နောက်ဆုံးပေါ်ပေါက်လာသည့် စိန်ခေါ်မှုများနှင့် ထပ်မံပေါ်ပေါက် လာမည့်စိန်ခေါ်မှုများကို
ရင်ဆိုင်နိုင်ရေး ယခုညီလာခံတွင် ဆွေးနွေးတိုင်ပင်ကြရန် ဖြစ်ကြောင်း၊ ရှေ့လာမည့်ကာလများတွင်
ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး များ တိုးတက်လာစေရန် လုပ်ကိုင်ဆောင်ရွက်မည်နည်းဟူသည့်
အချက်ကို ၀ိုင်းဝန်း ဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ဆေးပညာလောကအတွက် နောက်ဆုံးပေါ် စိန်ခေါ်မှုများဖြစ်သည့်
ဆားစ်ရောဂါ၊ အီဘိုလာဗိုင်းရပ်စ်နှင့် ယခုမျက်မှောက် ကာလတွင် ဖြစ်ပေါ် လျက်ရှိသည့် ဇီကာဗိုင်းရပ်စ်စသည့်
ပြဿနာများကို ဖြေရှင်း နိုင်ရန်အတွက် ယခုညီလာခံတွင် နည်းလမ်းရှာ ဖွေဆွေးနွေးမည်ဟု မျှော်လင့်ပါကြောင်း။
နိုင်ငံအလိုက် လူဦးရေ၊ ယဉ်ကျေးမှုများ ကွဲပြားခြားနားသကဲ့သို့
မတူကွဲပြား သည့် ဆေးဝါးကုသမှု စနစ်ပုံစံများ ရှိနေကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏
(၃၀)ရာခိုင်နှုန်းမှာ မြို့ပြတွင်နေထိုင်ကြသူများဖြစ်ပြီး (၇၀)ရာခိုင်နှုန်းမှာ ကျေးလက်
ဒေသနေပြည်သူများဖြစ်ကြကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဆရာဝန် အင်အားဖြန့်ကြက်မှုမှာ
သုံးသောင်းငါးထောင်ကျော်သာ ရှိသေးသည့်အတွက် ဆရာဝန်များ ပိုမိုမွေးထုတ်ပေးရန် လိုအပ်ကြောင်း၊
ဆေးခန်းမရှိ၊ ဆရာဝန်၊ ဆရာမ မရှိသည့် ကျေးလက်ဒေသများ၌ ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို
ပိုမိုကောင်းမွန် လာစေရန် မည်သို့မည်ပုံဆောင်ရွက်ရမည်ကို ဆွေးနွေးကြစေလို ပါကြောင်း၊
မြန်မာ နိုင်ငံတွင် ကျေးရွာပေါင်း (၆၄၀၀၀)ကျော်ရှိရာ တစ်ရွာလျှင် ကျန်းမာရေးကျွမ်းကျင်သူ
တစ်ဦး ရှိနေမည်ဆိုပါက ပိုမိုကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်မည်ဖြစ်ကြောင်း
တွေ့ကြုံရမည့် ပြဿနာ အရပ်ရပ်ကိုလည်း ညှိနှိုင်းဖြေရှင်းနည်းဖြင့် ပူးပေါင်းဆွေးနွေးနိုင်သည့်
ယဉ်ကျေးမှု ရှိလာစေရန် ကြိုးပမ်းကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ
ဒေါက်တာ ဦးရဲမြက အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်လာ
ကြသူများအား ရင်းနှီးစွာ နှုတ်ဆက်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တောင်ကြီးဆေးတက္ကသိုလ်
သို့ရောက်ရှိကြပြီး ဆေးတက္ကသိုလ် အတွင်းရှိ ရုက္ခဗေဒ ဓာတ်ခွဲခန်း၊ သတ္တဗေဒ ဓာတ်ခွဲခန်း၊
ဓာတုဗေဒဌာနနှင့် ဓာတ်ခွဲခန်း၊ ရူပဗေဒဌာနနှင့် ဓာတ်ခွဲခန်း၊ စာသင်ခန်းမ ဆောင်များ၊ စာကြည့်တိုက်၊
ကွန်ပျူတာခန်းနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး
သည်။
ထို့နောက် ဒုတိယသမ္မတသည် တောင်ကြီးဆေးတက္ကသိုလ် ခန်းမဆောင်၌
ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဝင်းဌေးအောင်က
ဆေးတက္ကသိုလ်၏ တည်နေရာနှင့် အကျယ်အ၀န်း၊ အဆောက်အအုံများ ဆောက်လုပ် ထားရှိမှုနှင့် ကျောင်းသားကျောင်းသူများ
ပညာသင်ကြားနေမှု၊ ကျောင်းတွင်း သင်ကြားမှုဆိုင်ရာ အဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများ
လိုအပ်နေမှု တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့်
တောင်ကြီးဆေးတက္ကသိုလ် ပေါ်ပေါက် လာစေရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ သည့်အခြေအနေများ၊
ဆေးပညာဘာသာရပ် တက်ရောက် သင်ကြား နေသည့် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်ချက်များ၊
သင်ထောက်ကူပစ္စည်းများ ပြည့်စုံ လုံလောက်စေရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်
များတွင် အဆင့်မီသည့် ဆေးတက္က သိုလ်တစ်ခု ဖြစ်လာစေရန် ဆရာ၊ ဆရာမများ လိုအပ်ချက်အပေါ်
ဖြည့်ဆည်း ကူညီပေးရေး၊ ပညာသင် ကျောင်းသားများ ကောင်းမွန်စွာ ပညာသင်ယူနိုင်ရေးအတွက်
နေထိုင် သွားလာရေး ကိစ္စရပ်များ၊ နိုင်ငံတကာနှင့်
ရင်ပေါင်တန်းနိုင်သည့် ဆရာဝန်များ မွေးထုတ်ပေးနိုင်စေ ရေးနှင့် ပြည်သူလူထုအတွက် ကောင်းမွန်ပြည့်စုံသည့်
ကျန်းမာရေးစောင့်ရှောက်မှု များကို ပေးအပ်နိုင်ရန် ကျောင်းသားကျောင်းသူများအနေဖြင့်
မျှော်မှန်းချက် မြင့်မားစွာထား၍ ဆောင်ရွက် သွားရေးဆိုင်ရာနှင့် စပ်လျဉ်း၍ အသေးစိတ်
မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် တောင်ကြီးဆေးတက္ကသိုလ် ဧည့်ဆောင်
အဆောက်အဦ (လေးခန်းတွဲ သုံးထပ်)၊ အမျိုးသမီးဆောင် အဆောက်အဦ (၂၄ခန်းတွဲ ငါးထပ်)များ
ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူ များအား လိုအပ်သည်များကို
မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အေးသာယာမြို့၌ မင်းကျန်စစ်အုပ်စု
ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အေးသာယာပြည်သူ့အိမ်ရာ စီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိရာ
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော် ခမ်းက စီမံကိန်းဆိုင်ရာအချက်အလက်များ၊
အိမ်ရာများ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ တိုက်ခန်းများ ပြန်လည်ရောင်းချ ပေးမည့် အစီအမံများ၊
လက်ရှိဆောင်ရွက်နေဆဲ လုပ်ငန်းဆိုင်ရာများနှင့်
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စီမံကိန်းဧရိယာအတွင်း
လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြသည်။
No comments:
Post a Comment