Tuesday, February 9, 2016

မြန်မာ့မီဒီယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မီဒီယာလောကသားတို့၏ အမြင်များ



တွေ့ဆုံမေးမြန်း-ရဲခေါင်၊ စန္ဒီ၊ ရီရီ၊ ဓာတ်ပုံ-ဇော်မင်းလတ်
ရန်ကုန် ဖေဖော်ဝါရီ ၈
မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ချက်ထရီယံဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ငါးနှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သည့် မီဒီယာပြုပြင်ပြောင်းလဲမှုအကြောင်း အရာများ၊ ပြဋ္ဌာန်းရန် ကျန်ရှိနေသေးသည့် မီဒီယာဥပဒေကြမ်းဆိုင်ရာ ကိစ္စများနှင့်လိုအပ်သည့် ဥပဒေများပြင်ဆင်ပြဋ္ဌာန်းရေး၊ ပြည်တွင်း မီဒီယာများ အနေဖြင့် လွတ်လပ်ပြီး အားကောင်းသည့်မီဒီယာများအဖြစ်ပေါ်ပေါက် လာရေး၊ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် နိုင်ငံတကာအကြားချုပ်ဆိုထားသည့် MoU ကိစ္စရပ်များ၊ ပြည်သူ့ဝန်ဆောင်မှုသတင်းစာများပေါ်ပေါက်ရေး၊ Press Council က လုပ်ဆောင် မည့် အခန်းကဏ္ဍနှင့် ဘတ်ဂျက်ရရှိရေးကိစ္စများ၊ စွမ်းရည်ပြည့်သည့် သတင်း သမားကောင်းများပေါ်ထွန်းလာရေး၊ အမျိုးသား စီမံခန့်ခွဲမှုကောလိပ်ရှိ သတင်း အတတ်ပညာဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအား ရန်ကုန် တက္ကသိုလ်၌ထားရှိရေး အစရှိသည့် အကြောင်းများကို ဆွေးနွေးကြ သည်။
မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ မီဒီယာ ကဏ္ဍနှင့် သက်ဆိုင်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီး တက်ရောက် ခဲ့ကြပြီး တက်ရောက်ခဲ့ကြသူအချို့၏ သုံးသပ်ချက် အမြင်များကို မြန်မာ့ သတင်းစဉ်က မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။


ဦးစိုးမြင့်(Mizzima Media Group)
ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ တော့ နောင်ပေါ်ပေါက်လာမယ့် အစိုးရ လက်ထက်မှာ မီဒီယာကဏ္ဍအတွက် ဘာတွေလုပ်မလဲဆိုတဲ့ အရေးကြီးတဲ့ ဆက်စပ်မှုတွေကို တင်ပြဆွေးနွေးတယ်။ လွတ်လပ်တဲ့ မီဒီယာဆိုတာ ဒီမိုကရေစီအတွက် တော့ ခေါင်းနဲ့ပန်းလိုအရေးကြီး ပါတယ်။ မီဒီယာ သမားတွေအတွက် မြှင့်တင်ရမယ့် အရည်အသွေးတွေ၊ မီဒီယာရဲ့ လုပ်ပိုင်ခွင့်၊ လုံခြုံမှုတွေက ဘယ်အစိုးရပဲတက်တက် လွတ်လပ် တဲ့မီဒီယာအတွက် အရေးကြီးပါတယ်။ မီဒီယာလွတ်လပ်မှုအတွက် သက်ဆိုင် တဲ့ Stake holder တွေအားလုံး အမှန်တကယ်လုပ်နေတဲ့ သတင်း မီဒီယာတွေ၊ ဂျာနယ်လစ်တွေ၊ အဖွဲ့ အစည်းတွေ၊ ဥပဒေပြုတဲ့ လွှတ်တော် အမတ်တွေ၊ လွှတ်တော်၊ အစိုးရ ယန္တရားတွေက နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းကူညီ ဆောင်ရွက်ရမယ်လို့ ယုံကြည်ပါတယ်။
လက်ရှိအစိုးရက မီဒီယာနဲ့ ပတ်သက်ပြီး လုပ်နိုင်သလောက် တော်တော် များများကို လုပ်ပြီးသွား ပါပြီ။ အောင်မြင်တာရှိသလို သူတို့ လုပ်ချင်ပေ မယ့်လည်း Public Service မီဒီယာဆို သူတို့ပြန် ရုပ်သိမ်းခဲ့ရတယ်။ အစိုးရအနေနဲ့ ဒီကဏ္ဍအတွက် ပါဝင်သက်ဆိုင်သူ အားလုံးနဲ့ ညှိနှိုင်းဆောင် ရွက်မှု တွေ လုပ်သင့်တယ်။ ဒီအစိုးရနဲ့ နောင်ပေါ်ပေါက် လာမယ့် အစိုးရ ကြားမှာ ကူးပြောင်းမှုကို ပိုလွယ်စေ အောင် လုပ်သင့်တယ်။ အဲ့ဒီလို လုပ် ခဲ့တာတွေကိုလည်း နောင်ပေါ်ပေါက် လာမယ့်အစိုးရကို အပ်နှင်းမှသာ သူတို့အနေနဲ့လည်း ဥပဒေတွေ ပြန်ကြည့်၊ ပြင်သင့်တာပြင်၊ ထပ်မံ ရေးဆွဲ သင့်တာတွေ ဆောင်ရွက် နိုင်မယ်။
လက်ရှိ မြန်မာနိုင်ငံမီဒီယာဖွံ့ဖြိုးမှု အတွက် လုပ်ကိုင်လေ့လာနေတာ တွေ ကို ပြန်ပြီးသုံးသပ်ဖို့လိုသလို နောက်ဘာတွေဆက်လုပ်မယ်ဆိုတဲ့ အမြင်တွေ ကိုဖေဖော်ဝါရီ ၂၁ ရက်မှာ နိုဗိုတယ်ဟိုတယ်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေပြီ။ သက်ဆိုင်တဲ့သူတွေ အားလုံးကို စဖိတ်နေပါပြီ။ အဓိက ကတော့ မြန်မာပြည် မီဒီယာဖွံ့ဖြိုးမှုမှာ ဘယ်လိုမျိုးမူဝါဒတွေ ထားသင့်သလဲ၊ ဘယ်လိုမူဝါတွေ ဆက်ပြီး လုပ်ဆောင် မလဲဆိုတာကို ဆွေးနွေးကြမှာပါ။

Mr. Sardar Umar Alam
(ယူနက်စကို-မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်)
ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျွန်တော် တို့ယူနက်စကို၊ ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ ပြင်သစ်နိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူပြီး ကျင်းပ လာတာ လေးနှစ်ရှိပါပြီ။ ဒီတစ်ခေါက်ဆွေးနွေး ပွဲကတော့ အစိုးရ အကူးအပြောင်း ကာလတစ်ခုဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးက အရင်နှစ်တွေ က ဆောင် ရွက်ခဲ့တဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး အတွက် ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းနဲ့ ဥပဒေတွေကို ရှင်းပြတယ်။ သူက ပြုပြင်ပြောင်းလဲရေးအတွက် ဆက်ပြီး အားပေးနေမှာဖြစ်သလို လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင် အောင် ဆောင်ရွက်သွားမယ် လို့ ပြောတယ်။ လက်ရှိဥပဒေကြမ်းအနေ နဲ့ပဲ ကျန်ရှိနေသေးတဲ့မီဒီယာဥပဒေ ကြမ်းတွေအတွက် နိုင်ငံတကာမီဒီယာ ကျွမ်းကျင်သူတွေနဲ့ ပြည်တွင်းက မီဒီယာကျွမ်းကျင်သူတွေကို ဖိတ်ခေါ် ပြီး လာမယ့်မတ်လမှာ ဆွေးနွေးမယ်။ သတင်းမီဒီယာကောင်စီကို ခိုင်မာပြီး အားကောင်းအောင် ဆောင်ရွက်သွား ဖို့နဲ့ ဥပဒေသစ်ပြဋ္ဌာန်းတဲ့ နေရာ မှာ ဘယ်လိုပြင်ဆင်ကြမလဲဆို တာ ဆွေးနွေးဖို့ရှိတယ်။
ကျွန်တော်တို့ ယူနက်စကိုအနေနဲ့ ဥပဒေပြုအမတ်တွေကို မီဒီယာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အရည် အသွေးတွေ မြှင့်တင်ပေးသွားမယ်။ မေ၊ ဇွန်နဲ့ ဇူလိုင်လောက်မှာတော့ မီဒီယာနဲ့ဆိုင်တဲ့ဥပဒေကြမ်း ပြန်လည် သုံးသပ် တဲ့နေရာမှာ သင်တန်းပေးဖို့ ရှိတယ်။ နောင်ပေါ်ပေါက်လာမယ့် အစိုးရအနေနဲ့ မီဒီယာကဏ္ဍအတွက် ဘယ်လိုနယ်ပယ် ကို ဦးစားပေးဆောင်ရွက်မလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး ကျွန်တော်တို့ အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါ တယ်။ အခု ဆွေးနွေးပွဲကတော့ သိသာတဲ့ရလဒ်တွေ ထွက်ပေါ် တယ်လို့ ယုံကြည်ပါတယ်။

ဦးချစ်ဝင်းမောင်(Forever Group MRTV-4)
ဟိုအရင်တုန်းကတော့ ကျွန်တော် တို့နိုင်ငံမှာ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး လွတ်လပ်ပွင့်လင်းမှု မရှိခဲ့ပေမယ့် လက်ရှိအစိုးရသက်တမ်း အတွင်း မှာတော့ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး မီဒီယာကဏ္ဍဖွံ့ဖြိုးဖို့ လုပ်ဆောင်ခဲ့တယ်။ အခုဆို မီဒီယာ နယ်ပယ်မှာ တော်တော်လေး ပွင့်လင်းမြင်သာမှုရှိလာတယ်။ နောက် နိုင်ငံ တကာအဖွဲ့အစည်းတွေအနေနဲ့ လည်း မီဒီယာစွမ်းဆောင်မှု မြင့်မား ဖို့အတွက် ဆောင်ရွက်တာတွေ တွေ့ရတယ်။ ဒါကြောင့် ငါးနှစ် သက်တမ်း အတွင် မီဒီယာဖွံ့ဖြိုးမှုက အများကြီး ပြောင်းလဲလာတယ်လို့ ပြောရင်ရ တယ်။ နောက်ပိုင်းမှာလည်း မီဒီယာဖွံ့ဖြိုးမှုကဏ္ဍ ပိုမိုအားကောင်း လာလိမ့် မယ်လို့ ထင်တယ်။

ဦးဇေယျာလှိုင် (မြန်မာဂျာနယ်လစ် ကွန်ရက်အတွင်းရေးမှူး)
ကျွန်တော်ဆွေးနွေးခဲ့တာက တော့ မြန်မာနိုင်ငံက သတင်းသမား တွေ စွမ်းဆောင်ရည်မြင့်မားဖို့ ပိုမိုလို အပ်နေသေးတယ်ဆိုတာနဲ့ ပတ်သက် ပြီး ဆွေးနွေးခဲ့တယ်။ မီဒီယာဆိုင်ရာ သင်တန်းကျောင်းတွေ တစ်စု တစ်စည်းတည်း ပူးပေါင်းဆောင်ရွက် ဖို့၊ ဘွဲ့လက်မှတ်နဲ့ ဒီဂရီတွေပေး တဲ့ ကျောင်းတွေကို ချိတ်ဆက်ဆောင် ရွက်ဖို့နဲ့ မီဒီယာသင်တန်းပေးရာမှာ လည်း သတင်းသမားတွေ ပိုမိုပါဝင် အောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာ ဆွေးနွေးခဲ့တယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာမရှိ ဘဲ ဒီမိုကရေစီစနစ်ကို တည်ဆောက် လို့မရဘူးလို့ ယုံကြည်တယ်။ မီဒီယာ ရဲ့တာဝန်က ပြည်သူတွေယုံကြည်လို့ အပ်နှင်းထားတဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်နေသလဲဆိုတာကို ပြည်သူ တွေ သိအောင် ပြန်ပြောပြဖို့ပါ။ လွှတ်တော်၊ အစိုးရဘာတွေလုပ်နေ သလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ တွေ ပြည်သူတွေသိရှိစေဖို့အတွက် မီဒီယာက အရေးကြီးတဲ့ကဏ္ဍမှာ ရှိတယ်။ လူထုကိုမှန်ကန်တိကျတဲ့ သတင်းအချက် အလက်တွေပေးနိုင်မှ လူထုရဲ့အသိအမြင်ကို ပိုမိုဖွင့်လှစ်ပေး နိုင်မယ်လို့ ယုံကြည်တယ်။

No comments:

Post a Comment