နေပြည်တော် ဖေဖော်ဝါရီ
၁၈
အငြိမ်းစားတပ်မတော်သား
မိသားစုဝင်များ အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြသော စစ်သည်များ၏
ကျန်ရစ်သူမိသားစုများနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ပေးဆပ်ခဲ့ကြသူများကို စောင့်ရှောက်ရန်
နေပြည် တော် ဒက္ခိဏသီရိမြို့နယ် ရွှေကြာပင်လမ်းနှင့် ရတနာမဉ္ဇူလမ်းဆုံတွင် ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာကို
ဆောက်လုပ်လျက်ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကရုဏာကမ္ဘာ
ဘိုးဘွားရိပ်သာ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုကြရာ
စီမံကိန်းရှင်းလင်းဆောင်၌ စစ်အင်ဂျင်နီယာ ညွှန်ကြား ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး
ဗိုလ်မှူးကြီးအောင်မြိုင်က ရိပ်သာအဆောက် အဦနှင့် အုပ်ချုပ်မှုအဆောက်အဦများ ဆောက်လုပ်နေမှုအခြေအနေများကို
ရှင်းလင်း တင်ပြပြီး ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ
ဗိုလ်ချုပ်ကြီးထွန်းကြည် (အငြိမ်းစား)က ဘိုးဘွားများ နေထိုင်ရေးနှင့် စားသောက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ဖြည့်စွက်ရှင်းလင်းသည်။
ရှင်းလင်းတင်ပြမှုအပေါ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ဆောက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် ပြီးမြောက်အောင်
ကြပ်မတ်ဆောင်ရွက်ရန်၊ အရိပ်ရပင်များစတင်စိုက်ပျိုးရန်နှင့် ရိပ်သာတွင်နေထိုင်မည့်
ဘိုးဘွားများ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် လူနာတင်ယာဉ်၊ ဆရာဝန်၊
သူနာပြုများနှင့် ဆေးဝါးများ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြောကြားသည်။
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ
တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏
၄၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
(မြ၀တီ)


No comments:
Post a Comment