နေပြည်တော် ဖေဖေါ်ဝါရီ
၁၈
ကျန်းမာရေးဝန်ကြီးဌာန၊
ကုသရေးဦးစီးဌာန၊ သူနာပြုသစ်လွင်အလုပ်ခန့်အပ်ခြင်းအခမ်းအနားကို ဖေဖေါ်ဝါရီ(၁၇)ရက် နေ့လည်ပိုင်းတွင်
သူနာပြုတက္ကသိုလ်-မန္တလေး၊ တော်ဝင်သဇင်ခန်းမ၌ ကျင်းပခဲ့ရာ ကုသရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသ) ဒေါက်တာဌေးအောင်၊
ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်ခင်မာကြည်တို့က သူနာပြုတက္ကသိုလ်-မန္တလေးမှ သူနာပြုသိပ္ပံ(ပုံမှန်)
ဘွဲ့ရသူ(၁၃၂)ဦးအား အလုပ်ခန့်အပ်ခြင်းအမိန့်စာများ ပေးအပ်ကာ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ
သြဝါဒအမှာစကားပြောကြားသည်။
ယခင်က သူနာပြုသိပ္ပံ(ပုံမှန်)ဘွဲ့ရသူများ၊
သူနာပြုဒီပလိုမာရရှိသူများကို အလုပ်ခန့်အပ်ပေးခဲ့ သော်လည်း ယခုကဲ့သို့ဘွဲ့နှင်းသဘင်
အခမ်းအနား ကျင်းပသည့်နေ့တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်း အခမ်းအနား ကျင်းပခြင်းသည်
ပထမဆုံးအကြိမ်ကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်ပြီး သူနာပြုတက္ကသိုလ်-ရန်ကုန်မှ သူနာပြုသိပ္ပံ(ပုံမှန်)ဘွဲ့ရသူများကိုလည်း
သူနာပြုသစ်လွင်အလုပ်ခန့်အပ်ခြင်းအခမ်းအနားကို ၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီ(၁၉)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး
သူနာပြုရာထူးနေရာများလစ်လပ် လျက်ရှိသည့် ဗဟိုအဆင့်ဆေးရုံကြီးများ၊ သင်တန်းဆင်းသူများ၏ဆန္ဒပြုနေရာများသို့
ခန့်ထားပေးမှုများ ကြောင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment