နေပြည်တော် ဖေဖော်ဝါရီ
၁၈
ပြည်ထောင်စုလွှတ်တော်နာယက၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်
Mr. Paul Scully ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းတည့်(၁၂)နာရီတွင်
လည်းကောင်း၊ သြစတြေးလျနိုင်ငံ Australian
Defence Force Acedemy မှ Professor Dr.
Morten Pedersen အား ယနေ့မွန်းလွဲ(၂)နာရီတွင်လည်းကောင်း နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်၊
အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီ
အတွင်းရေးမှူး ဦးမင်းဦး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ
ဦးသိမ်းဆွေနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။



No comments:
Post a Comment