Sunday, February 28, 2016

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့


နေပြည်တော် ဖေဖော်ဝါရီ ၂၈

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ (၂၆) ရက်မှ (၂၇)ရက်အထိ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်အစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံမှ လွှဲပြောင်းထမ်းဆောင်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံက ၂၀၁၆ခုနှစ်အတွက် ပွဲဦးထွက်အစည်းအဝေးနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် လာအိုနိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ မစ္စတာ တွန်လွန် ဆစ်ဆူလစ် (Mr. Thongloun Sisoulith) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါသီးသန့်အစည်းအဝေးတွင် ၂၀၁၆ခုနှစ် အာဆီယံဥက္ကဋ္ဌ ဖြစ်သော လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံက ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် (၈) ရပ်ကို တင်ပြခဲ့ပြီး (၂၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနောက်ပိုင်း ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံ အသိုက်အ၀န်း မျှော်မှန်းချက် ၂၀၂၅ ကို အောင်မြင်စွာ အကောင်အထည်ဖော်ရေးနှင့် အသိုက်အ၀န်း (၃)ခု၏အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့သည်။ ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးများသည် ဒေသတွင်းဗိသုကာတွင် အာဆီယံ၏ဗဟိုအချက်အခြာကျမှုကို အလေးပေး ပြောကြားခဲ့ကြပြီး အာဆီယံ၏ဗဟိုအချက်အခြာကျမှု ထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို အပြည့်အ၀ ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်ရေးနှင့်ပြင်ပအဖွဲ့အစည်းများနင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုခိုင်မာစေရေး၊ တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အကြမ်းဖက်မှု၊ ဆိုက်ဘာ လုံခြုံရေး၊ သဘာဝဘေး အန္တရာယ်နှင့် ရာသီဥတုပြောင်းလဲခြင်းအစရှိသည့် နိုင်ငံဖြတ်ကျော်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ အပါအ၀င် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။


ထို့နောက် အစည်းအဝေးအပြီးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့် အစည်းအဝေး ဥက္ကဋ္ဌ ၏ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Union Minister U Wunna Maung Lwin attended ASEAN Foreign Ministers’ Retreat in Vientiane, Lao PDR

Union Minister for Foreign Affairs U Wunna Maung Lwin arrived back in Yangon after attending the ASEAN Foreign Ministers’ Retreat held in Vientiane, Lao People’s Democratic Republic.

ASEAN Foreign Ministers’ Retreat was held at Don Chan Palace Hotel in Vientiane on 27th February 2016. The Meeting, chaired by the current Chair of ASEAN, Mr. Thongloun Sisoulith, Deputy Prime Minister and Minister of Foreign Affairs of Lao PDR, was attended by ASEAN Foreign Ministers and the Secretary-General of ASEAN.

The Ministers discussed the eight priorities for ASEAN Chairmanship in 2016 introduced by Lao PDR, follow-up to the 27th ASEAN Summit and the effective implementation of the ASEAN Community’s Blueprints 2025 and highlighted the need for comprehensive coordination within each pillar and across the pillars to achieve the targets of the blueprints. The meeting also stressed the importance of upholding and promoting ASEAN Centrality and its relevance in the evolving regional architecture and called for full and effective implementation of the revised Work Plan on Maintaining and Enhancing ASEAN Centrality,
The meeting also discussed ways and means to further deepen cooperation with dialogue partners and strengthen engagement with other external parties for mutual benefit. 

Furthermore, the ministers exchanged views on regional and international issues, including the emerging transnational security challenges such as terrorism, cyber security, disaster management, climate change, etc.   

Press Statement of the Chair of the ASEAN Foreign Ministers’ Retreat was issued at the end of the meeting.

No comments:

Post a Comment