Saturday, February 6, 2016

မီးဘေးသင့်ပြည်သူများအတွက် တယ်ဟုန်ပြည်နယ်ခွဲမှ ကျပ်သိန်း ၁၂၄၀ ကျော်ဖိုး လှူဒါန်း




မူဆယ်  ဖေဖော်ဝါရီ  ၆ ရက်

ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နေ့လည် (၁၂)နာရီခွဲတွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာနိုင်ငံ မီးဘေးသင့် ပြည်သူများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရနှင့်ဒေသဆိုင်ရာများက ငွေကျပ် သိန်း(၁၂၄၀)ခန့်ရှိ ခေါက်ဆွဲ ၁၀၀ ဖာ၊ ရေသန့်ဘူး ၆၀၀ ဖာ၊ စားသုံးဆီ ၄၀၀ ဗူး၊ (၁၀)ကီလိုဆန့်ဆန်အိတ် ၄၀၀ အိတ်၊ အနွေးထည် ၂၃၇ ထည်၊ ခြုံစောင် ၁၂၅ ထည်၊ ခြည်ပုဝါ ၁၂၆ ထည်၊ လောင်းကုတ် ၁၃၀၀ ထည်၊ ဂွမ်းကပ်စောင် ၆၀၀ ထည်၊ ပလစ်စတစ်မိုးကာလိပ် ၂၀၀ ခုနှင့် ရွှေလီမြို့ ပြည်သူ့အစိုးရက (၁၀)ကီလိုဆန့် ဆန်အိတ် ၁၀၀၀ အိတ်၊ ဂွမ်းကပ်စောင် ၃၀၀ ထည်တို့အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


အဆိုပါ လှူဒါန်းပစ္စည်းများကို တယ်ဟုန်ပြည်နယ်ခွဲ အစိုးရ ဒုတိယရုံးအဖွဲ့မှူး မစ္စရှိန်ဖုန့် နှင့် ရွှေလီမြို့အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာဂွမ်မော်တို့မှ ပေးအပ်ရာ မြန်မာနိုင်ငံဘက်မှ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က လက်ခံခဲ့ကြောင်း သတင်းရရှိသည်။


မူဆယ်ခရိုင်ပြန်/ဆက်

No comments:

Post a Comment