Saturday, February 6, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင်ကျင်းပသည့် ဗုဒ္ဓသာသနာ ၊ အဆင့်မြင့်ပညာရေးနှင့် အမြှော်အမြင် နိုင်ငံတကာစာပေဟောပြောပွဲသို့ တက်ရောက်


နေပြည်တော် ဖေဖော်ဝါရီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇနီး ဒေါ်နန်းရွှေမှုံတို့သည် ဒုတိယ၀န်ကြီးများ ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိကြသည်။


ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့သို့ ရောက်ရှိကြပြီး  တောင်ကြီးမြို့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပလျက်ရှိသည့် ဗုဒ္ဓသာသနာ ၊ အဆင့်မြင့် ပညာရေးနှင့်အမြှော်အမြင် နိုင်ငံတကာစာပေဟောပြောပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ စာပေဟောပြောပွဲသို့  အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များ အသင်းဥက္ကဋ္ဌ  သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဘဒ္ဒန္တဒေါက်တာ အရှင်ဥာဏိဿရနှင့် ဦးဆောင်ဆရာတော် ၊ သံဃာတော် အရှင်သူမြတ်များ တက်ရောက်ကြသည်။
စာပေဟောပြောပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား အပြည် ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအသင်း အတွင်းရေးမှူးချုပ် အောက်စဖို့ဒ် ဆရာ တော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိမထေရ်က ဗုဒ္ဓဘာသာတရားတော်ဆိုင်ရာ လက်ဆောင် ပစ္စည်း ပေးအပ်သည်။


ယင်းနောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် တာဝန်ရှိသူများသည် သီတဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ဘဒ္ဒန္တ ဒေါက်တာ အရှင်ဥာဏိဿရ အမှူးပြုသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

No comments:

Post a Comment