နေပြည်တော်
ဖေဖော်ဝါရီ ၁၉
ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E.Mr. Pier
Giorgio ALIBERTI အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ နော်ဝေနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr. Tore Hattrem ဦးဆောင်သော
ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ
လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင် ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး
ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms. Ann
Ollestad လည်း တက်ရောက်သည်။


No comments:
Post a Comment