နေပြည်တော်
ဖေဖော်ဝါရီ ၁၉
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ
သံမှူးကြီး Mr. Chen Chen ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်- မြန်မာ
နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်သွားရေးနှင့်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးစနစ် အသွင် ကူးပြောင်းရေးတွင်
တရုတ်နိုင်ငံအနေဖြင့် တတ်နိုင်သမျှ အားပေး ကူညီ ဆောင်ရွက်သွားနိုင်ရေး
ကိစ္စရပ်များကို ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ရုံးမှ
တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment