နေပြည်တော် ဖေဖော်ဝါရီ ၁၈
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် ပညာရေးမြှင့်တင်မှုကော်မတီ ဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်း၍
လွှတ်တော်သို့ အသိပေး တင်ပြကြသည်။
အစည်းအဝေးတွင်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု
ဘ၀ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ စသည့်ကော်မတီ(၃)ခု၏ တာဝန်၊
လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို လွှတ်တော်သို့တင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးဝင်းမြင့်က ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဥက္ကဋ္ဌအဖြစ်
လှိုင်သာယာမဲဆန္ဒနယ်မှ ဒေါက်တာသန်းမြင့် နှင့် အတွင်းရေးမှူးအဖြစ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့အပါအ၀င်
အဖွဲ့ဝင် (၁၅) ဦးဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီကို ဥက္ကဋ္ဌအဖြစ် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းနှင့် အတွင်းရေးမှူးအဖြစ် အင်းစိန်မဲဆန္ဒနယ်မှ
ဦးမောင်မောင်ဦးတို့ အပါအ၀င် အဖွဲ့ဝင် (၁၅)ဦးဖြင့်လည်းကောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီကို
ဥက္ကဋ္ဌအဖြစ် ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာ တင်အောင်နှင့် အတွင်းရေးမှူးအဖြစ် တွန်းဇံမဲဆန္ဒနယ်မှ
ဦးခမ်ခန့်ထန်တို့ အပါအ၀င် အဖွဲ့ဝင် (၁၅)ဦးဖြင့်လည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းရန်
လျာထားကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
ယနေ့အစည်းအဝေးကို
နံနက်ပိုင်းတွင် ရပ်နားလိုက်ပြီး အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ(၁၉)ရက် နံနက်(၁၀)နာရီတွင်
ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။



No comments:
Post a Comment