နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးတီခွန်မြတ်တို့သည် အရှေ့တီမောနိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်း Mr. Aderito Hugo
de Costa အားယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံရေးရာ ဆောင် အမှတ်
I-1 ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား
ဆက်ဆံရေးတိုးတက်ခိုင်မာစေရေး၊ လွှတ်တော်များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့်
လွှတ်တော်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးသပ်အကြံပြုချက်များကို အမြင်ချင်း
ဖလှယ် ဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ
တာဝန်ရှိသူများတက်ရောက်ကြသည်။
No comments:
Post a Comment