နေပြည်တော် ဖေဖော်ဝါရီ ၁၇
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်
ဆန်းနီးလန်း၌ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပသည့် အာဆီယ- အမေရိကန် ခေါင်းဆောင်များ
ထိပ်သီးအစည်းအဝေးတွင် ပူးတွဲကြေညာချက် ဆန်နီးလန်း ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲကြေညာချက်တွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊
အာဆီယံ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာ ဥပဒေ တို့တွင် ဖော်ပြပါရှိသည့်မူများနှင့် ရည်ရွယ်ချက်
များကို အခိုင်အမာထောက်ခံကိုင်စွဲခြင်းအားဖြင့် နိုင်ငံ အားလုံး၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊
နယ်မြေတည်တံ့ခိုင်မြဲမှု၊ တန်းတူညီတူရှိမှုနှင့် နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့် ရှိမှုတို့ကို
အပြန်အလှန်လေးစားရန်၊ အသေးစားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုပြီး ဖွံ့ဖြိုးတိုးတက်မှု
ကွာဟချက်ကို ကျဉ်းမြောင်းစေလျက် စီးပွားရေး
တိုးတက်မှု၊ အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးမှု၊ တီထွင်ဆန်းသစ်မှု၊ စွန့်ဦးတီထွင်နိုင်မှုနှင့်
ပေါင်းစည်း ဆက်နွယ်မှု တို့ကို ဖြစ်ပေါ်စေ၍ ထက်မြတ်ပွင့်လင်းပြီး ယှဉ်ပြိုင်မှုစွမ်းအား
မြင့်မားသော စီးပွားရေး ကို ဦးတည်သည့်မူဝါဒများ ကျင့်သုံးခြင်း၏ အရေးပါမှုကို အပြန်အလှန်
အသိအမှတ် ပြုရန်၊ ဒီမိုကရေစီ စနစ်ခိုင်မြဲစေခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုမြှင့်တင်ခြင်း၊
တရားဥပဒေ စိုးမိုးမှုကို အလေးထားခြင်း၊ လူ့အခွင့် အရေးနှင့် အခြေခံလွတ်လပ်မှုတို့ကို
ကာကွယ်မြှင့်တင်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်းနှင့် အစွန်းမရောက်သော အလယ် အလတ် လမ်းစဉ်ကို
အားပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည်တို့မှတစ်ဆင့် ပြည်သူ အားလုံးအတွက်
အခွင့်အလမ်းများဖော်ဆောင်ပေးရေး ကတိကဝတ်ပြုရန် တို့ကို ဖော်ပြထားသည်။
ထို့ပြင် ၁၉၈၂ခုနှစ်၊ ပင်လယ်ပြင်ဥပဒေဆိုင်ရာ
ကုလသမဂ္ဂကွန်ဗင်းရှင်း အပါအဝင် တစ်ကမ္ဘာလုံးက လက်ခံ အသိ အမှတ်ပြုထားသည့် နိုင်ငံတကာဥပဒေများနှင့်
အညီ ဥပဒေရေးရာနှင့် သံတမန်ရေးရာလုပ်ငန်းစဉ်တို့၏ ရလဒ်ကို လေးစားခြင်း အပါအ၀င် ခြိမ်းခြောက်ခြင်းနှင့်
အင်အားအသုံးပြုခြင်းမရှိဘဲ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန်၊ အကြမ်းဖက်မှု၊
အစွန်းရောက်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူမှောင်ခိုကုန်ကူးမှုနှင့် တရားမ၀င်၊ အကြောင်းမကြား၊
ထိန်းချုပ်မှုမရှိသော ငါးဖမ်းမှုတို့သာမက သားရဲတိရိစ္ဆာန်နှင့် သစ်များ တရားမဝင် ကူးသန်းရောင်းဝယ်မှု
အစရှိသည့် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များကို ဖြေရှင်းရာတွင် ဦးစီး ဆောင်ရွက်သွားရန်
တို့ ပါရှိသည်။
အလားတူ တာဝန်ယူမှုရှိသည့်နိုင်ငံ၏ အပြုအမူဆိုင်ရာ
စံနှုန်းသတ်မှတ်ချက် များနှင့်အညီ ဆိုက်ဘာကွန်ယက် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်
၊ အာဆီယံ အသိုက်အ၀န်း၏ မျှော်မှန်းချက်များ
အောင်မြင် ရန်အတွက် အာဆီယံနှင့် အမေရိကန်ပြည်သူများ အထူးသဖြင့် လူငယ်လူရွယ်များ အကြား
ထိတွေ့ဆက်ဆံ သည့် အစီအစဉ် နှင့် ပြည်သူအားလုံး အထူးသဖြင့် လုံခြုံမှုမရှိသူများအတွက်
အခွင့် အလမ်းများတိုးမြှင့်သည့် အစီ အစဉ်တို့မှ တစ်ဆင့် ပြည်သူများ အကြား ကူးလူးဆက်ဆံ
မှုကို တိုးမြှင့်ရန် စသည့် အချက်များ ဖော်ပြပါရှိသည်။
အဆိုပါ ပူးတွဲကြေညာချက် ဆန်းနီးလန်းကြေညာစာတမ်းအပြည့်အစုံကို
www.whitehouse.gov နှင့် www.asean.org တို့တွင် ဖတ်ရှုနိုင်သည်။
No comments:
Post a Comment