ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့နှင့်
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တို့တွင် မီးဘေးသင့်ပြည်သူများ အတွက် ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့များ၊ပြည်သူများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးပို့လှူဒါန်းလျက်ရှိကြသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ
ယနေ့တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လပွတ္တာမြို့
မီးဘေးသင့် ပြည်သူများအတွက် ငွေကျပ်(၃၃)သိန်း၊ ယမ်ယမ်ကြာဆံထုပ်(၃၀)ပါ အထုပ် (၃၀)၊ ယမ်ယမ်ခေါက်ဆွဲထုပ်
(၃၀)ပါ အထုပ်(၇၀)နှင့် နမ့်ဆန်မီးဘေးသင့် ပြည်သူများအတွက် ငွေကျပ်(၄ ဒသမ ၄၅)သိန်း၊
ရေသန့်(၁) လီတာ ဘူး(၄၉၅၀)၊ ခေါက်ဆွဲခြောက်ထုပ်(၇၃၈၀)၊ အမျိုးသမီးဝတ်အင်္ကျီအထည် (၂၀)၊
ပုဆိုး(၁၈)ထည်၊ လုံချည် (၆၁)ထည်၊ ယမ်ယမ်ကြာဆံထုပ် (၃၀)ပါ အထုပ်(၅၀) ၊ ယမ်ယမ်ခေါက်ဆွဲ
(၃၀)ပါ (၄၆)ထုပ်တို့ကို ပေးပို့လှူဒါန်းခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီးရုံးမှ
အလှူငွေကျပ် (၅)သိန်း၊ ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက်
ငွေကျပ်သိန်း(၁၀၀)နှင့် လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း(၁၀၀)၊
အားကစားဝန်ကြီးဌာနမှ အနွေးဝတ်စုံ(၂၁၇)ထည်၊ တီရှပ်(၆၆၆)ထည်၊ အားကစားအင်္ကျီ(၁၀၈၉)ထည်တို့ကို
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်း ကြသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန
စစ်ရေးချုပ်ရုံးမှ ခေါက်ဆွဲ ခြောက်ဖာအကြီး (၈၃)ထုပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆိုလာမီးအိမ်
အလုံး(၅၀)ပါ (၈)ပုံး၊ ဒန်အိုးအစုံ(၁၀၀)စုံပါ (၇)အိတ်၊ ဒန်အိုး(၆)လုံးပါ အိတ်သေး(၁)အိတ်၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာ ပုံး(၁၄)ပုံး၊ အားကစားဝန်ကြီးဌာနမှ
အနွေးဝတ်စုံ(၂၁၇)ထည်၊ တီရှပ်(၆၆၆) ထည်၊ အားကစားအင်္ကျီ(၁၀၈၉)ထည်တို့ကို နေပြည်တော်လေဆိပ်မှ
လေကြောင်းခရီးဖြင့် ဘေးသင့်မြို့နယ်များသို့ ပေးပို့လှူဒါန်းခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌
ဦးရင်စိန်+ဒေါ်တင်ဝင်း မိသားစုမှ ငွေကျပ်(၄)သောင်း၊ CSC Group မိသားစုမှ ငွေကျပ်(၆)သိန်း၊
မြန်မာမော်တော်ယာဉ်ပရဟိတအသင်းမှ ငွေကျပ်သိန်း(၇၀)တို့ကို လာ ရောက်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ကော်မတီသို့ မီးဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေမှာ ယနေ့တွင် ငွေကျပ်(၂၈၁၄၀၀၀၀)ဖြစ်၍
ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ငွေကျပ်(၂၉၁၆၀၀၀၀)ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment