လပွတ္တာမြို့
မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်နှင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊အနယ်နယ်မှ အလှူရှင်များက
ဖေဖော်ဝါရီ (၆)ရက်နေ့တွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသော လေးထပ်ပရိယတ္တိ ကျောင်းသို့
လာရောက်ပေးပို့ လှူဒါန်းလျက်ရှိရာ ယာယီအခိုက်အတန့်အားဖြင့် စားသောက်ရေးတွင် မပူပင်ရဘဲ
အဆင် ပြေလျက်ရှိကြောင်း သိရသည်။
“ ကျွန်မတို့က (၄)ရပ်ကွက်မှာ နေပါတယ်။အိမ်တစ်လုံးလုံး မီးထဲပါသွားတာ
ဘာမှယူချိန်မရလိုက်ပါဘူး၊ အခု ကယ်ဆယ်ရေးစခန်းမှ စေတနာရှင်၊အလှူရှင်များက လာရောက်ပေးလှူကြတဲ့အတွက်
လောလောဆယ်တော့ စားသောက်ရေးမှာ အဆင်တော့ ပြေတာပေါ့၊ အလှူရှင်တွေကိုလည်း ကျေးဇူးအများကြီး
တင်ပါတယ်’'ဟု ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော မီးဘေးသင့်ပြည်သူတစ်ဦးက ပြောကြားသည်။
မီးဘေးသင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းတွင် ခရိုင်နှင့်မြို့နယ်အဆင့်
တာဝန်ရှိသူများက နေရေး၊ စားရေး စောင့်ရှောက်မှုများ စီမံခန့်ခွဲဆောင်ရွက်ပေးလျက်ရှိပြီး
အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် ဆေးတပ်ရင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း
ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၆)ရက်နေ့တွင်လည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ငါးလုပ်ငန်းဦးစီးဌာန၊ မြောင်းမြ ကမ္ဘောဇဘဏ်၊ AGD၊ အာရှစိမ်းလန်းရေးဘဏ်၊ ကမ္ဘောဇအလင်းတန်း
မြန်မာဖောင်ဒေးရှင်း၊ ဝေဠုကျော် ဖောင်ဒေးရှင်း၊ တပ်မတော် ကြည်း၊ရေ၊လေ မိသားစု၊ မဗသ
(ဗဟို) မွန် မဗသကူညီရေးအဖွဲ့၊ ပဓါန စရိယ ပရဟိတအဖွဲ့ (ရန်ကုန်)၊ ရွှေလက်တွဲကြမယ် လူငယ်
ပရဟိတအဖွဲ့ (သာပေါင်း)စသော အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက တစ်ဦးချင်းစီလည်းကောင်း၊
ကျောင်းသားသမဂ္ဂ (ပုသိမ်)တို့မှ အလှူရှင်များက စုပေါင်းလှူဒါန်းမှုများမှာ ဆန် (၂၇၁)အိတ်၊
အ၀တ်အထည်မျိုးစုံ (၁၁)ထုတ်၊ စောင်၊ခြင်ထောင်၊ခေါင်းအုံးများ၊ အစားအသောက်ပစ္စည်းများ
စုစုပေါင်းတန်ဖိုး ငွေကျပ် (၉၅)သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်



No comments:
Post a Comment