Wednesday, February 17, 2016

အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ဆိုင်ရာကော်မတီနှင့် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ (၃)ရပ် ဖွဲ့စည်းခြင်း၊ တိုင်းရင်းသားရေးရာကော်မတီ၊ တောင်သူ လယ်သမားရေးရာ ကော်မတီနှင့် အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ (၃)ရပ်ဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း ကိုလည်းကောင်း၊ ကော်မတီဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းနှင့် အတွင်း ရေးမှူး အဖြစ် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေတို့ အပါအ၀င် အဖွဲ့ဝင်၁၅ဦးဖြင့်  ဖွဲ့စည်းခြင်း ကိုလည်းကောင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦး နှင့် အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာ ပြည့်ဖြိုးတို့ အပါအ၀င် အဖွဲ့ဝင်၁၅ဦးဖြင့် ဖွဲ့စည်းခြင်းကိုလည်းကောင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာသန်းဝင်းနှင့် အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာ ဇော်လင်းထွဋ်အပါအ၀င် အဖွဲ့ဝင်၁၅ဦးဖြင့် ဖွဲ့စည်းခြင်းကိုလည်းကောင်း လွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။
ထို့ပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ရှီလာ နန်တောင်(ခ) အမ်နန်တောင်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားရေးရာ ကော်မတီကို ကော်မတီဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ရှီလာနန်တောင်(ခ) အမ်နန်တောင်နှင့် အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေ တို့အပါအ၀င် အဖွဲ့ဝင်၁၅ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် လျာထားကြောင်း လွှတ်တော် သို့ တင်ပြသည်။
ထို့အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီ ဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးဘမျိုးသိန်းက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာ ကော်မတီကို ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်းနှင့် အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ်မဲ ဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုးဝင်း တို့အပါအ၀င် အဖွဲ့ဝင်၁၅ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် လျာထားကြောင်း လွှတ်တော်သို့ တင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကော်မတီ ဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာ မြသောင်း က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ ရှင်းလင်း တင်ပြ သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသမီးနှင့်ကလေးသူငယ် အခွင့် အရေးဆိုင်ရာကော်မတီကို ကော်မတီ ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၇) မှ ဒေါက်တာမြသောင်းနှင့် အတွင်းရေးမှူး အဖြစ် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁၀)မှ ဒေါ်နော်လှလှစိုးတို့အပါအ၀င် အဖွဲ့ဝင်၁၅ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားရန် လျာထားကြောင်း လွှတ်တော်သို့ တင်ပြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နံနက် (၁၀)နာရီမိနစ်(၅၀)တွင် ရပ်နားခဲ့ပြီး အစည်းအဝေး သတ္တမနေ့ကို ဖေဖော်ဝါရီ (၁၈) ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း သိရသည်။ 

No comments:

Post a Comment