နေပြည်တော် ဖေဖော်ဝါရီ
၁၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင်ကျင်းပရာ တိုင်းရင်းသားရေးရာကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီနှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ(၃)ရပ်
ဖွဲ့စည်းခြင်း၊ ပညာရေးမြှင့်တင်မှုကော်မတီ၊
ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီနှင့်
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်
လူ့အခွင့်အရေး ဆိုင်ရာကော်မတီ (၃)ရပ် ဖွဲ့စည်းရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုင်းရင်းသား
ရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း၊ ကော်မတီဥက္ကဋ္ဌအဖြစ်
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ရှီလာနန်တောင်(ခ) အမ်နန်တောင်နှင့် အတွင်းရေးမှူးအဖြစ်
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးခွန်သိန်းဖေ အပါအ၀င်အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကိုလည်းကောင်း
လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
တောင်သူလယ်သမားရေးရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊
ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း၊ ကော်မတီ ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ
ဦးဘမျိုးသိန်းနှင့် အတွင်းရေး မှူးအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း
အပါအ၀င်အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကိုလည်းကောင်း လွှတ်တော်က အတည်ပြုကြောင်း
ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌက အမျိုးသမီးနှင့် ကလေးသူငယ် အခွင့် အရေးဆိုင်ရာကော်မတီ၏
တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း၊ ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၇)
မှ ဒေါက်တာမြသောင်းနှင့် အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁၀)မှ
ဒေါ်နော်လှလှစိုး အပါအ၀င်အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကိုလည်းကောင်း လွှတ်တော်က
အတည်ပြု ကြောင်း ကြေညာသည်။
ထို့ပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
က ပညာရေးမြှင့်တင်မှုကော်မတီဖွဲ့စည်းရေး
နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ
ဝင်းမြတ်အေး က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
ပညာရေးမြှင့်တင်မှုကော်မတီကို ကော်မတီဥက္ကဋ္ဌအဖြစ်
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာဝင်းမြတ်အေး နှင့် အတွင်းရေးမှူးအဖြစ်
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့်
ဖွဲ့စည်းဆောင်ရွက်သွားရန် လျာထားကြောင်း လွှတ်တော် သို့ အသိပေးကြေညာသည်။
ထို့အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
က ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေးက ကော်မတီ၏
တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီကို
ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးနှင့် အတွင်းရေးမှူးအဖြစ်
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ် (ခ)ဦးကိုလတ် အပါအ၀င်အဖွဲ့ဝင် ၁၅ ဦးဖြင့်
ဖွဲ့စည်းဆောင်ရွက်သွားရန် လျာထားကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊
ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာကော်မတီကို ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ
ဒေါက်တာဌေးကြွယ်နှင့် အတွင်းရေးမှူး အဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်အပါအ၀င်
အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန်လျာထားကြောင်း လွှတ်တော်သို့ အသိပေး ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို နံနက် (၁၀)နာရီ(၄၅)မိနစ်တွင် ရပ်နားလိုက်ပြီး ပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ကို ဖေဖော်ဝါရီ (၁၉) ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။








No comments:
Post a Comment