ကန့်ဘလူ ဖေဖော်ဝါရီ
၆
စစ်ကိုင်းတိုင်းဒေသကြီး
ကန့်ဘလူမြို့နယ် မလယ်-ယမနေ-ဇီးကုန်း-ကာဘိုး-တန့်ဆည်မြို့နယ် ဒေသတွင်းဆက် လမ်းပေါ်ရှိ
မူးမြစ် ကူးတံတား(ကာဘိုး)အား ကာဘိုးကျေးရွာအဝင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန
တံတား တည်ဆောက်ရေးအဖွဲ့(၃) က ဆောက်လုပ်လျက်ရှိပြီး တံတားတည်ဆောက်မှုမှာ ၇၅ ရာခိုင်နှုန်း
ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါမူးမြစ်ကူးတံတား
(ကာဘိုး)စီမံကိန်းလုပ်ငန်းကို ၂ဝ၁၅ ခုနှစ် ဇွန် ၁၇ ရက်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး
ဇူလိုင်လနှင့် သြဂုတ်လများတွင် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ခြင်းနှင့် ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်ခဲ့ သည့်အတွက် တံတားတည်ဆောက် ရေးလုပ်ငန်းများကို ရက်ပေါင်း ၇၈ ရက်ခန့် ရပ်ဆိုင်းထားခဲ့ရကြောင်း၊
အဆိုပါ တံတားသည် ကန့်ဘလူ မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့ကို ဆက်သွယ်ပေးသည့် အဓိကကျသော
တံတားဖြစ်ကာ မတ်လအတွင်းအပြီး တည်ဆောက်နိုင်ရန် ရည်မှန်းထား လျက်ရှိကြောင်း တံတားတည်ဆောက်
ရေးအဖွဲ့(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တံတားတည်ဆောက်ရေးအဖွဲ့သည်
သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် စက်ယန္တရား၊ လူအင်အား များဖြင့်
အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါတံတားသည် အရှည်ပေ
၁၂၆ဝ၊ ကားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်သုံးပေစီ၊ ရေလမ်း ကင်းလွတ်အမြင့်သုံးပေ၊
အကျယ် ၇၇ ပေ ၊ အုတ်မြစ်သံကူ ကွန်ကရစ် PC ရက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ပြီး
ခန်းဖွင့်ဖွဲစည်းပုံ ပေ ၉ဝ၊ ၁၄ ခန်းဖြစ်ကြောင်း သိရသည်။
ယင်းတံတားသည် ကန့်ဘလူမြို့နယ်နှင့်
တန့်ဆည်မြို့နယ်တို့ကို ဆက်သွယ်ပေါင်းကူးပေးမည့် မြို့နယ်ချင်းဆက် တံတားဖြစ်ပြီး ဒေသခံပြည်သူများ၏
လမ်းပန်းဆက်သွယ်ရေး၊ သွားလာလွယ်ကူစေရေးနှင့် ဒေသတွင်းထွက်ကုန် များ ပို့ဆောင်ရေးတို့အတွက်
များစွာအကျိုးဖြစ် ထွန်းစေမည်ဖြစ်ပြီး ပြည်သူများ၏လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့်
ကျန်းမာရေး အခန်းကဏ္ဍများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments:
Post a Comment