Tuesday, February 9, 2016

ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ





နေပြည်တော် ဖေဖော်ဝါရီ ၉
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍  ဆောင်ရွက်ကြသည်။

အစီအစဉ်အရ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာ မြတ်ဉာဏစိုး က ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဥပဒေကြမ်း ပူးပေါင်း ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်၊ ဒုတိယ ဥက္ကဋ္ဌများအဖြစ် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်နှင့် နောင်ချို မဲဆန္ဒနယ်မှ ဦးဇော်မင်း၊ အတွင်းရေးမှူး အဖြစ် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာ မြတ်ဉာဏစိုးနှင့် တွဲဖက် အတွင်းရေးမှူး အဖြစ် ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်တို့ အပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားရန် လျာထားကြောင်း အသိပေး ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို နံနက် (၁၀)နာရီခွဲတွင် ရပ်နားလိုက်ပြီး ပုံမှန်အစည်းအဝေး တတိယနေ့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆက်လက် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment