နေပြည်တော်
ဖေဖော်ဝါရီ ၁၉
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် အမျိုးသား
လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပညာရေး မြှင့်တင်မှု ကော်မတီ၊ ပြည်တွင်းပြည်ပ
အလုပ်သမား ဆိုင်ရာ ကော်မတီနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး၊
ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ (၃)ရပ် ဖွဲ့စည်းခြင်းနှင့်
သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ
ဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပညာရေးမြှင့်တင်မှု ကော်မ တီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊
ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း၊ ကော်မတီ ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ ဝင်းမြတ်အေးနှင့် အတွင်းရေးမှူးအဖြစ်
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)မှ ဦးကျော်တုတ် အပါအဝင် အဖွဲ့ဝင် ၁၅
ဦးဖြင့် ဖွဲ့စည်းခြင်းကို လည်းကောင်း လွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။
ဆက်လက်၍
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်တွင်းပြည်ပ အလုပ်သမား ဆိုင်ရာ ကော်မတီ၏ တာဝန်၊
လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌ အဖြစ်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေးနှင့် အတွင်းရေးမှူး အဖြစ်
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဇော်မင်းလတ် (ခ) ဦးကိုလတ် အပါအဝင် အဖွဲ့ဝင်
၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကို လည်းကောင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
အလားတူ အမျိုးသား လွှတ်တော်
ဥက္ကဋ္ဌက နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏
တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် နှင့် သက်တမ်းကို လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌ အဖြစ်
ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ ဌေးကြွယ်နှင့် အတွင်းရေးမှူး
အဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်
အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကို လည်းကောင်း လွှတ်တော်က
အတည်ပြုကြောင်း ကြေညာသည်။
ထို့ပြင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာ
ကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးကျော်သီဟက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊
ရပိုင်ခွင့်နှင့် သက်တမ်းတို့ ကို လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက
သတ္တုသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို ကော်မတီ
ဥက္ကဋ္ဌအဖြစ် မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးကျော်သီဟနှင့်
အတွင်းရေးမှူးအဖြစ် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဦးစခင်ဇော်လင်း အပါအဝင်
အဖွဲ့ဝင်၁၅ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားရန် လျာထားကြောင်း လွှတ်တော်သို့ အသိပေး
ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော်
ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို နံနက် ၁၀ နာရီ ၂၈ မိနစ်တွင် ရပ်နားလိုက်ပြီး
အစည်းအဝေး န၀မနေ့ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆက်လက် ကျင်းပရန် လျာထားကြောင်း
သိရသည်။

No comments:
Post a Comment