နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအတွက်
လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှ
စတင်၍ ၅ ရက်ကြာ နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ သဘင်ဆောင်၌ ကျင်းပလျက်ရှိသည်။
အဆိုပါအစီအစဉ်များသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်
(၄၆၅)ဦး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့မှ
ဌာနေကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရအဖွဲ့ အစည်း များနှင့် ပါလီမန်များမှ ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
ယမန်နေ့က အလုပ်ရုံဆွေးနွေးပွဲပထမနေ့၏ ရလဒ်များအား ရှင်းလင်းတင်ပြပြီး
“အာဏာခွဲဝေခြင်းနှင့် ဥပဒေပြု သူများ၏ အခန်းကဏ္ဍ”၊ “အာဏာခွဲဝေခြင်း”၊
“အပြန်အလှန်ထိန်းကျောင်းခြင်း”၊ “အပြန်အလှန် ထိန်း ကျောင်းရေး၏
အဓိကဖြစ်သော လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်များကို ဆွေးနွေးကြ
သည်။ ထို့နောက် အဖွဲ့၎ ဖွဲ့ခွဲ၍ “စောင့်ကြည့် အကဲခတ်ရေးလုပ်ငန်းစဉ်ကို မည်သို့ထိရောက်စွာ
အသုံးပြု မည်နည်း”၊ “မေးခွန်းများ၊ အဆိုများရေးသား နည်း”စသည့်ခေါင်းစဉ်များဖြင့်
ဆွေးနွေးကြသည်။
ယနေ့တွင် ပြည်သူ့လွှတ်တော်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်
ဦးတင်ဝင်းအောင်က ဒုတိယနေ့ အလုပ်ရုံ ဆွေးနွေးပွဲမှ ရလဒ်များအားဆွေးနွေးပြီး တတိယနေ့၏
ရည်ရွယ်ချက်များကို ဆက်လက်ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ “လွှတ်တော် ကိုယ်စားလှယ် နှင့်
မဲဆန္ဒနယ်ဆက်သွယ်မှု”၊ “ကိုယ်စားပြုခြင်းနှင့် ပြောင်းလဲ တတ်သော သဘောသဘာဝ”၊
“သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ”၊ “မဲဆန္ဒရှင်များ ၏ မျှော်လင့်
ချက်များအတွက် စီမံလုပ်ဆောင်ခြင်းနှင့် ဟန်ချက်ညီအောင် ပြုလုပ်ခြင်း”၊
“မဲဆန္ဒနယ်များနှင့် ဆက်သွယ် ဆက်ဆံမှု အစီအမံ” စသည့် ခေါင်းစဉ်များဖြင့်
ဆွေးနွေးကြ သည်။
အဆိုပါအစီအစဉ်များကို ဖေဖော်ဝါရီ(၁၉)ရက်အထိ
ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment