Sunday, February 7, 2016

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း ကျန်စစ်မင်းအိမ်ရာကို လှိုင်သာယာတွင် ဖေဖော်ဝါရီလမှစတင်၍ အကောင်အထည်ဖော်မည်ဟုသိရ




ရန်ကုန် ဖေဖော်ဝါရီ ၆

လှိုင်သာယာမြို့နယ် အမှတ်(၈) ရပ်ကွက် ကျန်စစ်သားလမ်းမကြီးဘေး ဌာနဆိုင်ရာ ရုံးလမ်းအနောက်ဘက် တွင်ရှိသော အမှတ်(၃၇၅) အင်းဂလိုင် ကွင်း၏ လယ်မြေ ၂၉၃ ဧက၌ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေပုဒ်မ(၃၉)အရ အခြားနည်း သုံးစွဲခွင့်ရရှိပြီးဖြစ်၍ မြို့ပြစီမံကိန်း ဆောင်ရွက်ရန်ခွင့်ပြုထားပြီးဖြစ်ရာ ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံ ဝန်ထမ်းများ၏ အိမ်ရာလိုအပ်ချက် များကို ဖြည့်ဆည်းရန်အတွက် အခန်း ပေါင်း ၃၁၇၄ ခန်းပါရှိသော ငါးထပ် နှင့် သုံးထပ်အဆောက်အအုံများကို ဖေဖော်ဝါရီလမှစတင်ကာ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးထံမှ သိရသည်။


အဆိုပါလယ်မြေ ၂၉၃ ဧက၌ ခြောက်ခန်းတွဲသုံးထပ် (SH) (စတုရန်း ပေ ၁ဝဝဝ) ၅၃ ခန်းပါရှိသော တိုက် သုံးလုံး၊ လေးခန်းတွဲ ခြောက်ထပ် RC (Type-A) (စတုရန်းပေ ၆၅ဝ) အခန်း ၅၄ဝ ပါရှိသော တိုက် ၂၇ လုံး၊ ရှစ်ခန်း တွဲငါးထပ် RC (၄၈၄/၅၂၂ စတုရန်း ပေ) အခန်း ၈၄ဝ ပါရှိသည့် တိုက် ၂၁ လုံး၊ ခြောက်ခန်းတွဲ ငါးထပ် RC (၄၆၈ စတုရန်းပေ) အခန်း ၄၈ဝ ပါရှိ သော တိုက် ၁၆ လုံးနှင့် ၁၂ ခန်းတွဲ ငါးထပ် RC (၃၂၄ စတုရန်းပေ)အခန်း ၁၂၆ဝ ပါရှိသော တိုက် ၂၁ လုံးကို မူလတန်းလွန်ကျောင်း၊ မူလတန်း ကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ ရပ်ကွက်ဈေးနှင့်အတူ Parking Utility တို့ပါရှိကာ ဓာတ်အားခွဲရုံကို တည်ဆောက်ပြီးဖြစ်ကြောင်း သိရ သည်။

ကျန်စစ်မင်းအိမ်ရာစီမံကိန်းကို ဖေဖော်ဝါရီ ၄ ရက်က စတင်အကောင် အထည်ဖော်ခဲ့ပြီး အများသိစေရန် ဖေဖော်ဝါရီ ၆ ရက်တွင် ကြော်ငြာ သင်ပုန်း၌ကပ်၍ အသိပေးခဲ့သည်။ အဆိုပါစီမံကိန်းကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် စီမံကိန်းဧရိယာအတွင်း ပါဝင်သော ယခင်လယ်သမားများ အတွက်လည်း လယ်ယာမြေကရုဏာ ကြေးကို စိစစ်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကျန်ရှိပါက မတ် ၃၁ ရက် နောက်ဆုံး ထား၍ ခိုင်လုံသော အထောက်အထား များ တင်ပြပြီး လယ်ယာမြေကရုဏာ ကြေးကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ ထုတ်ယူနိုင်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးက ပြော သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ FMI အိမ်ရာနှင့် ရွှေသံလွင်အိမ်ရာ စီမံကိန်းတို့တွင် လယ်ယာမြေကရုဏာ ကြေးကို ငွေကျပ် သိန်း ၁ဝဝ၊ ၂ဝဝ ပေးအပ်ခဲ့ပြီး ယခု အင်းဂလိုင်ကွင်း အမှတ်(၃၇၅)တွင် ကျန်ရှိပါက ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

''၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ (၃၉)အရ မြို့ပြစီမံကိန်းဖော်ဆောင် ခွင့်ပြုထားတဲ့နေရာပါ။ မြို့မြေဖြစ်တဲ့ အတွက် ရုံးတွေတည်ဆောက်ထား တဲ့ နေရာပါ။ မြို့မြေလည်းဖြစ် တယ်။ လန ၃၉ လည်း ကျထားတယ်။ အများပြည်သူအကျိုးအတွက် လုပ် ပေးတာပါ။ ဒီမှာနေစရာခက်ခဲနေကြ တယ်။ စက်မှုဇုန်လည်းရှိတယ်။ ဧရာဝတီတိုင်းဒေသကြီးရဲ့ အဝင် လည်းဖြစ်တော့ အလုပ်အကိုင် အခွင့်အလမ်းပိုများတဲ့အတွက် လူတွေ စုပြုံဝင်လာတော့ အိမ်ရာရဲ့ လိုအပ် ချက်ရှိလာပြီ။ အိမ်ငှားနေပေမယ့် အဆင်မပြေကြဘူး။ ဒါကြောင့် ကျွန်တော်တို့ဌာနအနေနဲ့ ဒီစီမံကိန်း ကို (၂ဝ၁၁-၂ဝ၁၂) ဘဏ္ဍာရေးနှစ် ကတည်းက လုပ်ဆောင်ခိုင်းထားပေ မယ့် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ပေးစရာရှိရင်လည်း ဌာနဆိုင်ရာနဲ့ ပူးပေါင်းပြီး စိစစ်ပေးသွားမှာပါ။ နေစရာမရှိတဲ့ လယ်သမားကို ဦးစား ပေးပြီး တိုက်ခန်းရောင်းပေးသွားမှာ ပါ''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ဆက်လက်ပြောပြသည်။


ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏၂ဝ၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်စွဲပါ စာအမှတ်/ ၂၅၇/အဖရ(၂၈/၂ဝ၁၂)ဖြင့် ခွင့်ပြု မိန့်ရရှိထားပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့် တင်ဒါအောင်မြင်သည့် ဆောက်လုပ် ရေးကုမ္ပဏီခုနစ်ခုဖြင့် ကျန်စစ်မင်း အိမ်ရာကို အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment