Friday, February 19, 2016

နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းထားသည့်ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ ၁၈

အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အာရှနှင့် အမေရိကတာဝန်ခံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအန်ဒရီယာစမစ် သည် ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် လည်းကောင်း၊ အမေရိကန်အောက်လွှတ်တော် ဒီမိုကရေစီမိတ်ဖက်ကိုယ်စားလှယ်အဖွဲ့မှ မစ္စတာ ဂျပ်စတင်ဝိန်းနှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း လာရောက်တွေ့ဆုံသည်။


တွေ့ဆုံစဉ် စီးပွားရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ ဆောင်းသီးနှံစိုက်ပျိုးရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းထားသည့် ကိစ္စရပ်များကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ House Democracy Partnership(HDP)အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment