တံတားဦး ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်
တို့သည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်း၌ မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခရိုင်
တံတားဦးမြို့၌ အလှူရှင်ကမ္ဘောဇ ဘဏ်လီမိတက်ဥက္ကဋ္ဌ မိသား စုနှင့် စေတနာ ရှင်များပါဝင်လှူဒါန်းမှုဖြင့်
သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် တည်ဆောက်ပြီးစီး သွားသော မြို့နယ်လုံးဆိုင်ရာ
သုခိတ ကမ္ဘောဇသာသနာ့ ဗိမာန်တော်ဖွင့်ပွဲ အခမ်းအနားနှင့် ရေစက်ချအလှူ တော်မင်္ဂလာအခမ်းအနားသို့
တက် ရောက်သည်။
ရှေးဦးစွာ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မင်္ဂလာအချိန်တွင် မြို့နယ်လုံးဆိုင်ရာ
သုခိတကမ္ဘောဇ သာသနာ့ ဗိမာန်တော် ကမ္ပည်းမော် ကွန်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့နယ်လုံးဆိုင်ရာ သုခိတကမ္ဘောဇ သာသနာ့ဗိမာန်တော် တွင် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ မန္တလေးမြို့ ရတနာသိင်္ဂီ ဒိုက်ဦး ကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာ ဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြ ကာ ဆရာတော်၊ သံဃာတော်အရှင် သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူ သည့်အန္တရာယ်ကင်း ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍
တံတားဦးမြို့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ဦးရဲလင်းသူက ဗိမာန်တော်ကြီးနှင့်
စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားတင်ပြသည်။ ထို့နောက် သုခိတကမ္ဘောဇသာသနာ့ ဗိမာန်တော်ကြီးနှင့်
စပ်လျဉ်း၍ အလှူရှင်က တိုင်းဒေသကြီး သာသနာ ရေးမှူး ဦးနိုင်အောင်မိုးထံသို့ လွှဲပြောင်း
ပေးအပ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူတို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ထို့နောက်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ အလှူရှင် မိသားစုနှင့်
တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး
တံတားဦးမြို့ မေဃဝန်ဘုန်းတော်ကြီး ကျောင်းတိုက် ၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တကေသရထံမှ
ရေစက်ချ အနုမောဒနာတရားနာယူ၍ လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:
Post a Comment