Thursday, February 4, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၎
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော် သို့ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က ဥပဒေကြမ်း ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဦးမင်းဦး က ဥပဒေကြမ်း ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို စစ်ကိုင်း တိုင်းဒေ သကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းနှင့် ကော်မတီအတွင်းရေးမှူး တာဝန်ကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးတို့အား တာဝန်ပေး အပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေ က ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစောသန်းထွဋ်နှင့် ကော်မတီ အတွင်းရေးမှူး တာဝန်ကို ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ် တို့အား တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြပြီး အစည်းအဝေးကို ရပ်နား လိုက်သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကို ဖေဖော် ၀ါရီ(၅)ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment