Thursday, February 4, 2016

ဇီကာ(Zika)ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ 
ဇီကာ (Zika)ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သန်းအောင်က ပြောကြား ရာ၌ ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်သော အေးဒီးစ် ခြင်ကျားကိုက်ခြင်းမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သော ရောဂါတစ်ခု ဖြစ်ကြောင်း၊ ဇီကာဗိုင်းရပ်စ် ရောဂါပိုးကို (၁၉၄၇) ခုနှစ်တွင် ယူဂန်ဒါနိုင်ငံမှ မျောက်များ၌ စတင်စမ်းသပ် တွေ့ရှိခဲ့ပြီး (၁၉၅၂)ခုနှစ်တွင် ယူဂန်ဒါနှင
့် တန်ဇန်းနီးယားနိုင်ငံတို့ရှိ လူများသို့ ကူးစက်မှုရှိခဲ့ ကြောင်း ၊ (၂၀၁၅)ခုနှစ် တွင် အမေရိကနှင့် အာဖရိကဒေသတို့တွင် ကပ်ရောဂါ အသွင်ဖြစ်ပွားခဲ့ကြောင်း၊  မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း (၂၀၁၂) ခုနှစ်ကတည်းက စတင်ဖြစ် ပွားခဲ့ပြီး (၂၀၁၄)ခုနှစ် အထိ ဖြစ်ပွားသူစုစုပေါင်း (၇)ဦးရှိခဲ့ကြောင်း၊
ဇီကာရောဂါလူနာများသည် ဖျားခြင်း၊ အနီအကွက်/အစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊  ကြွက်သား နှင့်အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းစသည့် ရောဂါလက္ခဏာများခံစားရ‌သော်လည်း  ရောဂါမပြင်းထန် ပါကြောင်း၊ သို့သော်  လတ်တလောတွင် ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွား နေသော ဘရာဇီးနိုင်ငံ၌  ရောဂါ၏ နောက်ဆက်တွဲ အဖြစ် ရောဂါပိုးကူးစက်ခံရသော ကိုယ်ဝန်ဆောင် မိခင်များတွင် ဦးနှောက်သေး ငယ်သော ကလေးငယ်များ မွေးဖွားလာခြင်းနှင့်  ပတ်သက်ပြီး ဆက်စပ်မှု ရှိ/မရှိ သက်သေပြနိုင်ရန် ပညာရှင် များ ကြိုးစားလျက်ရှိကြောင်း ၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် (၂၀၁၆)ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဇီကာရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ကမ္ဘာကအရေးပေါ်ဆောင်ရွက်ကြရန် ကြေငြာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဇီကာရောဂါ လူနာကို မတွေ့ရှိရသေးသ်ာလည်း ဇီကာဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင် သော အေးဒီးစ် ခြင်များသည် မြန်မာနိုင်ငံအနှံ့ ရှိနေသောကြောင့် ဇီကာရောဂါလူနာ တစ်ဦး ရောက်ရှိလာတာသည်နှင့် တစ်ပြိုင်နက် ဇီကာဗိုင်းရပ်စ်ရောဂါပိုးသည်လည်း တစ်နိုင်ငံလုံးကို ပျံ့နှံ့ ရောက်ရှိသွားနိုင်ပါကြောင်း၊
အဆိုပါ ဇီကာရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ရောက်ရှိမလာစေရေးအတွက်  သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံး၊ အစိုးရမဟုတ်သော  လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဇီကာရောဂါကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြင်ဆင်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသောနှီးနွှယ် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးတင်ပြကြသည်။

အဆိုပါအစည်းအဝေးတွင် ဇီကာရောဂါပိုး ဖြစ်ပွားမှုနှင့်ပတ်သက်၍ ထောက်လှမ်းစောင့်ကြပ် ကြည့်ရှုသည့် စနစ်အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ ခြင်ကျားလောက်လန်းနှိမ်နင်းရေးကို လူထု လှုပ်ရှားမှု ရက်သတ္တပတ် ပုံစံဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရန်၊ ဇီကာရောဂါဆိုင်ရာ ဆေးပညာနှီးနှော ဖလှယ်ပွဲညီ လာခံတစ်ရပ် အမြန်ကျင်းပပြီး ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ကုသရေး ဆိုင်ရာ စံလုပ်ထုံးလုပ် နည်းများ ပြုစုဖော်ထုတ်ရန်၊ ဇီကာရောဂါဆိုင်ရာ ဓါတ်ခွဲစမ်းသပ်အတည်ပြု နိုင်ရန်အတွက် လိုအပ်သောပစ္စည်းများကို အမြန်ရရှိရေးဆောင်ရွက်ရန်၊ နှီးနွှယ်ဆက်စပ်နေသော ဌာနဆိုင်ရာ အားလုံးနှင့် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပါဝင်ဆောင် ရွက်ကြစေ ရေးအတွက် နှိုးဆော်ဆောင်ရွက်ရန် စသည်တို့ကို သဘောတူညှိနှိုင်း ဆွေးနွေးဆုံးဖြတ် ခဲ့ကြသည်။

No comments:

Post a Comment