နေပြည်တော်၊ ဖေဖော်ဝါရီ ၎
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး
ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌
ကျင်းပရာ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့ ဖွဲ့စည်းရေး နှင့် စပ်လျဉ်း၍
လွှတ်တော်သို့တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က
ဥပဒေကြမ်း ကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးတီခွန်မြတ်က ဥပဒေကြမ်း ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍
ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီကို
အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို
နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်နှင့် ကော်မတီ အတွင်းရေးမှူး
တာဝန်ကို ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်တို့အား တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့
တင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ
ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်း ကော်မတီ၏
တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီကို
အဖွဲ့ဝင်(၁၅) ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေ
စာရင်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းနှင့် ကော်မတီ အတွင်းရေးမှူးတာဝန်
ကို တောင်ငူမဲဆန္ဒနယ်မှ ဦးခင်မောင်သန်းတို့အား တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြပြီး
အစည်းအဝေးကို ရပ်နားလိုက်သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး
တတိယနေ့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment