မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၅
ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လီဆူရိုးရာ ခေါ့ရှိ
နှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ ရွှေပြည်သာကွက်သစ်ရှိ
လီဆူရိုးရာကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊
ဦးဇေယျာအောင်၊ ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန်၊ ပြည်နယ် ၀န်ကြီးများ၊ လီဆူရိုးရာ ခေါ့ရှိ နှစ်သစ်ကူး ပွဲတော်ဖြစ်မြောက်ရေးကော်
မတီဝင်များ၊ လီဆူစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဝင်များ၊ လီဆူရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊
တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လီဆူရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ
တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က လီဆူလူမျိုးများ
စည်းလုံးညီညွတ် စွာဖြင့် မိမိတို့ရိုးရာ ယဉ်ကျေးမှုဖော် ထုတ်နေကြသည်ကို တွေ့ရသည့်အတွက်
ဂုဏ်ယူဝမ်း မြောက်မိပါကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ ဥပဒေဘောင် အတွင်း၌
စည်းလုံး ညီညွတ်ခြင်း ငြိမ်းချမ်းခြင်းတို့ဖြင့် ရိုးရာယဉ်ကျေးမှု ထုံးဓလေ့ကောင်းများကို
ဖော်ထုတ်မြှင့်တင် သွားကြရမည်ဖြစ်ပါကြောင်း၊ သွေးချင်းညီအစ်ကို တိုင်းရင်းသားများ အနေဖြင့်
အေးချမ်းသာယာ ပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေ စီနိုင်ငံတော်ကြီးကို တည်ဆောက်ကာကွယ်သွားကြ
ရမည်ဖြစ်ကြောင်း၊ ကျယ်ပြန့်သည့်အမြင် စည်းလုံးသည့်စိတ်ဓာတ်တို့ဖြင့် ပူ့းပေါင်းဆောင်ရွက်
ခြင်းသည်သာ စစ်မှန်သည့် အင်အားဖြစ်ပါကြောင်း၊
ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများဖော်ထုတ်ခြင်းနှင့်အတူ
မိမိတို့ စာပေနှင့် ယဉ် ကျေးမှုထုံးဓလေ့ကောင်းများကိုလည်း ထိန်းသိမ်းသွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊
ယခုနှစ်သစ်ကူးပွဲတော်ကြီးမှ ရရှိသည့် ညီညွတ်မှုခွန်အားနှင့် လုပ်ငန်းအတွေ့အကြုံကောင်းများ
ကိုနမူနာရယူပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများကို ဆက်လက်ထမ်းဆောင်နိုင်ကြ
ပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က လီဆူတိုင်းရင်းသားတို့၏
ရိုးရာနှစ် သစ်ကူးပွဲတော် သည် တန်ဖိုးမဖြတ်နိုင်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်ပါကြောင်း၊
တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုများကို အပြန်အလှန်လေးစား တန်ဖိုးထားခြင်းဖြင့်
တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင် ရင်းနှီးမှုကို ပိုမိုခိုင်မြဲအောင် တည်ဆောက်သွားရမည်ဖြစ်
ပါကြောင်း၊ လီဆူရိုးရာနှစ်သစ် ကူးပွဲတော်ကို အောင်မြင်စွာ ကျင်းပခြင်းဖြင့် နိုင်ငံဂုဏ်ကိုမြှင့်
တင်နိုင်ကြ ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ
ဥက္ကဋ္ဌ နှင့် လီဆူ ရိုးရာ ခေါ့ရှိ နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ တို့က
နှစ်သစ်ကူး နှုတ်ခွန်း ဆက် စကားများပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊
တိုင်းမှူး နှင့် နှစ်သစ်ကူးပွဲ တော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ တို့က လီဆူဂွါချဲ ချဲငေါ်
ကကွင်းမုတ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းကွာချဲအကအား ပါဝင်ဆင်နွဲကြသည်။
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးများနှင့် အဖွဲ့သည် လီဆူရိုးရာ
ဓါးလှေခါးတက်ခြင်း ကို အားပေးကြည့်ရှုကြပြီး နှစ်သစ်ကူး ပွဲတော်ကွင်းအတွင်း ခင်းကျင်းပြသထားသည့်
ရိုးရာယဉ် ကျေးမှုပြခန်းများအား လှည့် လည်ကြည့် ရှုကြ သည်။

No comments:
Post a Comment