Monday, February 15, 2016

ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ဆီးနိတ်ဥက္ကဋ္ဌတို့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. RenataLok-Desallien အား ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု
လွှတ်တော် ဧည့်ခန်းမဆောင်၌ လည်းကောင်း၊ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ ဆီးနိတ် ဥက္ကဋ္ဌ H.E.Mian Raza Rabbani အား မွန်းလွဲ(၁) နာရီခွဲတွင် အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌လည်းကောင်း လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment