နေပြည်တော် ဖေဖော်ဝါရီ ၁၃
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Rancho
Mirage မြို့၌ ကျင်းပမည့် အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်
ယနေ့နံနက် ၉နာရီတွင် နေပြည်တော်မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ထွက်ခွာသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊
ဦးတင့်ဆန်း၊ ဦးအေးမြင့်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ၀န်ကြီးများနှင့်
တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊
ဒေါက်တာကံဇော်၊ ဒေါက်တာထွန်း ရှင်နှင့် တာဝန် ရှိသူများနှင့် အတူ ဒေသစံတော်ချိန် မွန်းလွဲ
၁နာရီ ၄၅မိနစ်တွင် စင်ကာပူ နိုင်ငံသို့ ရောက်ရှိရာ စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်
သံရုံး၊ စစ်သံရုံး မိသားစုများက ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် စင်ကာပူနိုင်ငံဟိုတယ်၌
ညအိပ်ရပ်နား ကြသည်။

No comments:
Post a Comment