နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
ဂျပန်နိုင်ငံအစိုးရသည် ရှမ်းပြည်နယ်ရှိ အသေးစား စီမံကိန်းများ ထောက်ပံ့ပေးရေးအစီအစဉ်အရ
စီမံကိန်း သုံးခုအား လူသားချင်းစာနာထောက်ထားမှု အထောက် အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၆၁၄၆၉၄
ဒေါ်လာ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်ရှိ အဆိုပါစီမံကိန်းသုံးခုမှာ မူဆယ်မြို့ နယ် ကမ္ဘောဇသိင်္ဂီအမှတ်(၁)သီလရှင်ပညာရေးကျောင်း
ဆောက်လုပ်ရေး (မူလတန်းလွန်ကျောင်း) စီမံကိန်း၊ ကွမ်းလုံမြို့နယ် ကွမ်းလုံအခြေခံပညာအထက်တန်း
ကျောင်းဆောက်လုပ်ရေးစီမံကိန်းနှင့် လာရှိုးမြို့နယ် အထွေထွေပြည်သူ့ဆေးရုံကြီးအတွင်းရှိ
သီးသန့်လူနာ ကုသဆောင် ဆောက်လုပ်ရေးစီမံကိန်းတို့ဖြစ်ပြီး ကမ္ဘောဇ သိင်္ဂီအမှတ်(၁) သီလရှင်ပညာရေးကျောင်းအတွက်
အမေရိကန်ဒေါ်လာ ၁၇၄၇၅၃ ဒေါ်လာ၊ ကွမ်းလုံ အခြေခံပညာအထက်တန်းကျောင်းအတွက် အမေရိကန် ဒေါ်လာ
၂၄၆ဝ၄၇ ဒေါ်လာနှင့် လားရှိုး အထွေထွေ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သီးသန့်လူနာကုသဆောင်
အတွက် အမေရိကန်ဒေါ်လာ ၁၉၃၈၉၄ ဒေါ်လာ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ခြင်းအခမ်းအနားများကို ဖေဖော်ဝါရီ ၆၊ ၇၊ ၈ ရက်တို့တွင်
မူဆယ်၊ ကွမ်းလုံနှင့် လားရှိုးမြို့နယ်များတွင် ကျင်းပခဲ့သည်။ ကမ္ဘောဇ သိင်္ဂီသီလရှင်ပညာရေးကျောင်းတွင်
လုံလောက်သော စာသင်ခန်းများရှိခဲ့သော်လည်း ဂျပန်နိုင်ငံအစိုးရမှ ပံ့ပိုးမည့်စီမံကိန်းကြောင့်
ကျောင်းသား ကျောင်းသူ ၇၈၉ ဦး အကျိုးခံစားရမည်ဖြစ်ကြောင်း သိရသည်။
ကွမ်းလုံအခြေခံပညာအထက်တန်းကျောင်းအတွက် သံကူကွန်ကရစ် နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊
အိမ်သာများနှင့် ကျောင်းသုံးပရိဘောဂများကို ဂျပန် အစိုးရက ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
လာရှိုးအထွေထွေ ပြည်သူ့ဆေးရုံကြီးတွင် အိတ်ခ်ျအိုင်ဗွီကူးစက်လူနာများ သီးသန့်ဆောင် မရှိသဖြင့်
အထွေထွေလူနာဆောင်များ နေရာချထားပေးခဲ့ခြင်းဖြစ်သည်။
ဂျပန်အစိုးရ၏ ထောက်ပံ့ပေးမှုကြောင့် အိတ်ခ်ျအိုင်ဗွီသီးသန့်လူနာဆောင် နှင့်
ဆေးရုံသုံးပစ္စည်းများကြောင့် ၂၆ မြို့နယ်မှ ဒေသခံ ပေါင်း ၁၇၅၃၆၃၂ အကျိုးခံစားရမည်ဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အဖြစ်
၁၉၉၃ ခုနှစ် မှစတင်ကာ စီမံကိန်းပေါင်း ၇၄၇ ခုကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း
၃၄၅ ခု၊ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်း ပေါင်း ၁၉၃ ခုနှင့် လူမှုဖူလုံရေးနှင့်
ပတ်ဝန်းကျင်စီမံကိန်း ပေါင်း ၁၃၈ ခု၊ အခြေခံအဆောက်အအုံစီမံကိန်းပေါင်း ၃၆ ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း
၃၅ ခုတို့ကို ထောက်ပံ့ပေးခဲ့ပြီး လက်ရှိ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း
ပိုမိုတိုးတက် ခိုင်မာ လာစေမည်ဖြစ်ကြောင်းလည်း သိရသည်။
(နိုင်လင်းကြည်)
No comments:
Post a Comment