နေပြည်တော် ဖေဖေါ်ဝါရီ ၁၀
မီးဘေးနှင့် ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် အလှူငွေများပေးအပ်ပွဲ
အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁ဝ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား
ရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က
မိတ်ဆက်စကားပြောကြားပြီး Kookmin Bank and Korea Disaster Relief Association မှ တာဝန်ရှိသူများက
ချင်းပြည်နယ် ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၄ဝဝဝဝ၊
နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၅ဝဝဝ နှင့် လပွတ္တာမြို့ မီးဘေး
သင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၅ဝဝဝ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ဝဝဝဝ ကိုလည်းကောင်း။
ဆက်လက်၍ သတ္တုတွင်းဝန်ကြီးဌာန ဝန်ထမ်းများနှင့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းက
နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် သိန်း ၅ဝ၊ လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက်
ငွေကျပ်သိန်း ၁ဝဝ စုစုပေါင်းငွေကျပ်သိန်း ၁၅ဝ ကို သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများကလည်းကောင်း။
ထို့နောက် နမ့်ဆန်မြို့နှင့် လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် ကာကွယ်ရေးဝန်ကြီးဌာန
စစ်ဦးစီးမှူး (ပထမ)တန်း မိသားစုများက ငွေကျပ် ၂၁ဝဝဝဝ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက
ငွေကျပ် ၃၅ သိန်းနှင့် စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ဝန်ထမ်းများက
ငွေကျပ် ၇၃၄၅ဝဝ နှင့် အဝတ်အထည်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်
အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများက ငွေကျပ် သိန်း
၅ဝ၊ ဦးဖုန်းမြင့်၊ ဒေါ်အေမီသန်း၊ ဦးဝဏ္ဏစိုး၊ ဒေါ်ယုမွန်ဘုန်း မိသားစုက ငွေကျပ် ၁၄ဝဝဝဝ၊
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က ငွေကျပ် ၁၀ သိန်း၊ ဦးကျော်သိန်း(ညွှန်ကြားရေးမှူး၊
ပြည်တွင်းအခွန်များ ဦးစီးဌာန)-ဒေါ်နှင်းနွယ်အေးတို့က ငွေကျပ် ၂ဝဝဝဝဝ တို့ကို ပေးအပ်ရာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် ဒုတိယဝန်ကြီး ဦးဘုန်းဆွေတို့က
လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဖေဖော်ဝါရီ ၁ဝ ရက်တွင် စွမ်းအင် ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ်
၂၄၉၆ဝဝဝ နှင့်အဝတ်အထည်များ၊ ဦးမောင်ဝင်း-ဒေါ်လှလှကြည် က ငွေကျပ် ၁ဝဝဝဝဝ တို့ကို လာရောက်လှူဒါန်းခဲ့ရာ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်
ဦးစိုးအောင်က လက်ခံယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဦးကြည်လင်း- ဒေါ်ထားထားရီ(မိသားစု)က
ငွေကျပ် ၂ဝဝဝဝဝ၊ ဦးဘစိုး(အငြိမ်းစားတပ်ကြပ်ကြီး)က ငွေကျပ် ၁ဝဝဝဝဝ၊ ဦးဘူးယို-ဒေါ်လှရီ(မိသားစု)က
ငွေကျပ် ၁၂ဝဝဝဝ၊ ဦးအောင်လင်း-ဒေါ်စန်းစန်းမြင့်က ငွေကျပ် ၄၃ဝဝဝဝ နှင့် Winnie Tan က
အမေရိကန်ဒေါ်လာ ၂ဝဝ တို့ကို လာရောက်လှူဒါန်းသည်။
သို့ဖြစ်၍ ယနေ့ ရရှိငွေမှာ ငွေကျပ် ၃၄၄၆ဝဝဝ နှင့် အမေရိကန်ဒေါ်လာ
၂ဝဝ ဖြစ်သဖြင့် ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ မီးဘေးသင့်ပြည်သူများအတွက် စုစုပေါင်းလှူဒါန်းရရှိငွေမှာ
ငွေကျပ် ၅၉၂၆၅၅ဝဝ နှင့် အမေရိကန်ဒေါ်လာ ၃ဝ၂ဝဝ ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment