လပွတ္တာ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊
လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်း
ဖွင့်လှစ် ထားရှိသော လေးထပ်ပရိယတ္တိစာသင်တိုက်တွင်
ဖေဖော်ဝါရီ (၆)ရက်နေ့က အိမ်ထောင်စု တစ်စုလျှင် ဧရာဝတီဘဏ်မှ လှူဒါန်းသော ငွေကျပ်
(၂)သိန်း၊ စောင်(၃)ထည်၊ တီရှပ် (၃)ထည်နှင့် အများလှူဒါန်းထားသော ရေသန့် (၁) ကဒ်၊ ခေါက်ဆွဲခြောက်
(၂)ဖာ၊ ဆန်(၁)အိတ် ၊စောင် (၁)ထည်၊ လူတစ်ဦးလျှင် ကြက်ဥ (၁)လုံးနှုန်းဖြင့် ယာယီ ကယ်ဆယ်ရေးစခန်းတွင်
ဝေငှပေးလျက် ရှိသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်
အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဆေးအဖွဲ့များကလည်း ပြည်သူများကို ဆေးကုသမှု ဆောင်ရွက်ပေးလျှက်ရှိပြီး
ဝမ်းရောဂါမဖြစ်ပွါးစေရေးအတွက် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသော လေးထပ်ကျောင်းအတွင်းရှိ
ရေတွင်းများကို ကလိုရင်းဆေးရည်များလည်း ခပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် ပြန်/ဆက်
(လပွတ္တာ)



No comments:
Post a Comment